• Featured

    Gucci က ‌ကျပ်သိန်း ၁၈၀ ဝန်းကျင်တန် Xbox Series X ထုတ်

အစုံ ၁၀၀ ပဲ ထုတ်မှာပါ

ပိုက်ဆံသိပ်ချမ်းသာလွန်းတဲ့ Gamer တွေအတွက် Gucci ထုတ် Xbox Series X စက်တွေ ထွက်လာပြီ ဖြစ်ပါတယ်။ 

Xbox Series X ဂိမ်းစက်ထွက်ရှိတဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ Microsoft နဲ့ luxury ဖက်ရှင်ကုမ္ပဏီ Gucci တို့ ပေါင်းပြီး Xbox series X အထူးဗားရှင်း ထုတ်လိုက်တာ ဖြစ်ပါတယ်။ Special Edition ဟာ ဒေါ်လာ ၁၀၀၀၀ (မြန်မာငွေ ၁၇၈ သိန်းကျော်) ဈေးနဲ့ ထွက်လာတာ ဖြစ်ပြီး Console စက် ၊ ကြိုးမဲ့ Controller နှစ်ခု ၊ Xbox Game Pass Ultimate အတွက် subscription တစ်ခု နဲ့ Gucci ထုတ် စက်ထည့်တဲ့အိတ်တစ်လုံး ပါရှိမှာပါ။ 

image

Photo: thewestnews

Console စက်ဟာ Gucci Rhombi ဒီဇိုင်းသုံးထားတဲ့ laser-cut system နဲ့ ဖန်တီးထားပြီး Controller တွေက အပြာအနီအစင်းကြားတွေနဲ့ လာပါတယ်။ Gucci Xbox အိတ်ဟာ Hard Case အမာထည်နဲ့လာပြီး အိတ်ပေါ်မှာ XBOX ဆိုပြီး အစိမ်း‌ရောင် စာလုံးကြီး ထင်းနေအောင် ထွင်းထားပါတယ်။ အစုံ ၁၀၀ ပဲ အလုံးရေ အကန့်အသတ်နဲ့ ထွက်မှာ ဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်နေ့မှာ စတင် ရောင်းသွားမှာပါ။

Gucci Xbox Series X ကို နယူးယော့ခ်စီးတီး ၊ ဘီဗာလီဟေးလ် ၊ မက္ကဆီကိုစီးတီး ၊ မီလန် ၊ လန်ဒန် ၊ ဘာလင် ၊ ဘေဂျင်းနဲ့ တိုကျိုမြို့ကြီးတွေက Gucci စတိုးတွေမှာ ဝယ်နိုင်မယ်လို့ ဆိုပါတယ်။ မူရင်း Xbox Series X တစ်စုံဟာ ဒေါ်လာ ၅၀၀ နဲ့ ဝယ်ယူနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က