• ဂုတ်ထိပ်တံတားကနေ လေဟုန်စီးမယ့်အစီအစဉ်ကို မြန်မာနိုုင်ငံလေထီးခုန်အဖွဲ့ချုပ်က ပြုလုပ်မယ်

ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေပါဝင်စီးနင်းမှာဖြစ်တယ်လို့ သိရပါတယ်။

ဂုတ်ထိပ်တံတားကနေ လေဟုန်စီးမယ့်အစီအစဉ်ကို မြန်မာနိုင်ငံလေထီးခုန်အဖွဲ့ချုပ်ကနေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

image

ဂုတ်ထိပ်တံတားပေါ်ကနေ အင်ဂျင်တပ်လေဟုန်စီးလေထီး စီးနင်းမယ့်အစီအစဉ်ကို ဇန်နဝါရီ ၁၉ ရက်နေ့မှာပြုလုပ်သွားမှာဖြစ်ပြီးတော့ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေ လိုက်ပါစီးနင်းမှာဖြစ်တယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံလေထီးခုန်အဖွဲ့ချုပ်ကနေစီစဉ်ပြီးတော့ အာဆီယံပါတာမိုတာကလပ်က ပိုင်းလော့တွေနဲ့ ၁၇၊ ၁၈ ရက်တွေမှာ ဦးပိန်တံတားကနေ အစပြုပြီးတော့ မြန်မာနိုင်ငံသားပိုင်းလော့တွေနဲ့ ပူးပေါင်းပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ပေးဖို့ရှိပါတယ်။ ၁၈ ရက်မှာ ပြင်ဦးလွင်တစ်ဝိုက်နဲ့ ၁၉ ရက်နေ့မှာ ဂုတ်ထိတ်တံတားပေါ်မှာ ပျံသန်းပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ပေးဖို့ ရှိပါတယ်။Youtube channel မှာ တင်ပြီး ဂုတ်ထိပ်တံတားကို ကမ္ဘာပိုသိအောင်လုပ်ဖို့ ရှိပါတယ်။ ” လို့ ပါဝင်စီးနင်းမယ့် ကိုဖိုးလုံးက သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ စီးနင်းမယ့်ပုံစံက လေဟုန်စီးလေထီးနဲ့ အတူ လူ၈ ဦးတစ်ပြိုင်တည်းစီးနင်းမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က