ယူနိုက်တက်ဟာ တိုက်စစ်မှူး ဂရင်းဝုဒ်ကို မာဆေးလ်ထံ ရောင်းချခဲ့ချိန်မှာ ပြန်လည်ခေါ်ယူခွင့်ရှိတဲ့ အချက်တစ်ချက်ကို စာချုပ်အတွင်း ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း သိရှိရပါတယ်။ ဂရင်းဝုဒ်ဟာ ဒီရက်သတ္တပတ်အတွင်းမှာတင် မာဆေးလ်ကို ပြောင်းရွှေ့သွားခဲ့တာပါ။

သူ့အတွက် မာဆေးလ်က ပြောင်းရွှေ့ကြေး ပေါင် (၂၆.၇) သန်း ပေးချေခဲ့ရပြီး ဂရင်းဝုဒ်ကို ရောင်းချဖြစ်ခဲ့ရင်လည်း ရရှိလာတဲ့ ပြောင်းရွှေ့ကြေးရဲ့ (၅၀) ရာခိုင်နှုန်းကို ယူနိုက်တက်ရရှိမှာပါ။ ဒါ့အပြင် ဂရင်းဝုဒ်ကို ပြန်လည်ခေါ်ယူနိုင်ခွင့်အတွက်လည်း စာချုပ်အတွင်း ထည့်သွင်း ချုပ်ဆိုထားပါတယ်။

ဂရင်းဝုဒ်ဟာ ယူနိုက်တက်အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး သူ့ကိုလည်း ယူနိုက်တက်ပရိသတ်တွေက သံယောစဉ် ကြီးခဲ့ပါတယ်။ ဒါပေမယ့်လည်း အတူနေချစ်သူကို အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်ခဲ့တာက ဂရင်းဝုဒ်ရဲ့ ယူနိုက်တက် ကစားသမားဘဝ ခရီးလမ်းကို အဆုံးသတ်စေခဲ့ပါတယ်။
အခု စာချုပ်အတွင်းမှာလည်း ယူနိုက်တက်က ဂရင်းဝုဒ်ကို ပြန်လည်ခေါ်ယူခွင့်အတွက် စာချုပ်ထည့်သွင်းချုပ်ဆိုထားသည့်တိုင် ပြန်လည်ခေါ်ယူဖွယ်မရှိပါဘူး။ အဲ့ဒါကြောင့်လည်း ဂရင်းဝုဒ်ကို ရောင်းချဖြစ်ခဲ့ရင် ပြောင်းရွှေ့ကြေးရဲ့ (၅၀) ရာခိုင်နှုန်းကို ရယူဖို့အတွက်သာ ယူနိုက်တက်တို့ သဘောတူညီခဲ့တာပါ။