• ဟာလန်းရဲ့နောက်ဆုံးမိနစ်ပင်နယ်တီဂိုးနဲ့ အိမ်ကွင်းမှာ ဖူလ်ဟမ်ကို မန်စီးတီးတို့ ခက်ခက်ခဲခဲအနိုင်ရ

ဟာလန်းရဲ့ နောက်ဆုံးမိနစ် ပင်နယ်တီဂိုးကြောင့် အနိုင်ရခဲ့တာပါ။

မန်စီးတီးကတော့ ဒီပွဲမှာ ဟာလန်း၊ ဖိုဒန်တို့ ပွဲထွက်လူစာရင်းထဲ မပါဝင်လာဘဲ ဂရီလစ်ရှ်၊ အယ်လ်ဗာရက်ဇ်တို့နဲ့ တိုက်စစ်ကို ပွဲထွက်ခဲ့ပါတယ်။ နောက်တန်းမှာလည်း အကန်ဂျီ၊ နာသန်အကီ၊ ဂျွန်စတုန်းစ်၊ ကန်ဆယ်လိုတို့ ပွဲထွက်လာခဲ့ပြီး လာပေါ့တ်၊ ဒီယက်စ်တို့ အရန်ခုံမှာသာ ရှိနေခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ဒီဘရိုင်း၊ ရိုဒရီ၊ ဂွန်ဒိုဂန်၊ ဘာနာဒိုဆေးလ်ဗားတို့နဲ့ လူစုံခဲ့ပါတယ်။

image

ဖူလ်ဟမ်ကလည်း ဝီလီယံ၊ ပါရဲရား၊ ဟယ်ရီဝီလ်ဆင်၊ ဗီနီစီယက်စ်တို့နဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကို တည်လာခဲ့ပြီး မန်စီးတီးကို ခုခံဖို့ ကြိုးစားခဲ့ပါတယ်။ မန်စီးတီးကတော့ ဖူလ်ဟမ်ကို အသာစီးနဲ့ ကစားနိုင်သလိုထင်ခဲ့ရပေမယ့် စိတ်တိုင်းကျ အခွင့်အရေးတွေ ဖန်တီးနိုင်စွမ်းတော့မရှိခဲ့ပါဘူး။ အသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ဂွန်ဒိုဂန်ရဲ့ ဖန်တီးပေးမှုကတဆင့် အယ်လ်ဗာရက်ဇ်က အပြင်းကန်သွင်းယူပေးခဲ့ပါတယ်။

image

ဒါပေမယ့် ဒီအချိန်မှာ မထင်မှတ်တဲ့ အလှည့်အပြောင်းတခုဖြစ်ခဲ့ပါတယ်။ ကန်ဆယ်လိုက ဂိုးဧရိယာထဲမှာ ဝီလ်ဆင်ကို နောက်ကနေ နင်းမိသလိုဖြစ်သွားခဲ့ပြီး တိုက်ရိုက်အနီကတ်ထိတဲ့အပြင် ပင်နယ်တီပါ ပေးလိုက်ရပါတယ်။ ဒီပင်နယ်တီကိုတော့ ပါရဲရားက အမှားအယွင်းမရှိ ကန်သွင်းပြီး ဖူလ်ဟမ်တို့ ချေပဂိုးရရှိခဲ့ပါတယ်။

နောက်ပိုင်းမှာ မန်စီးတီးတို့ ဦးဆောင်ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဖိကစားနေတာသာရှိပြီး ဖူလ်ဟမ်ကလည်း ခံစစ်ကို အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဖိုဒန်၊ ဟာလန်းတို့ ဝင်လာခဲ့ပေမယ့် အခွင့်အရေး ဖန်တီးမှုက အရင်ပွဲတွေလောက် မကောင်းခဲ့ပါဘူး။ ဒါ့အပြင် ဟာလန်းရဲ့ ခေါင်းတိုက်ဂိုးကိုလည်း ကွင်းလယ်ဒိုင်က VAR ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ လူကျွံဘော သတ်မှတ်ခဲ့ပါတယ်။

ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာတော့ ဒီဘရိုင်းကို ဖူလ်ဟမ်နောက်ခံလူ ရော်ဘင်ဆင် ပင်နယ်တီဧရိယာထဲ နောက်ကနေ ချိတ်မိခဲ့တာကြောင့် ပင်နယ်တီပေးခဲ့ရပါတယ်။ ဒီပင်နယ်တီကို ဟာလန်းက အဆုံးသတ်ကန်သွင်းပြီး မန်စီးတီးတို့ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဟာလန်းရဲ့ ပင်နယ်တီကန်ချက်ကို ဖူလ်ဟမ်ဂိုးသမား လေနို ကာကွယ်နိုင်မလိုဖြစ်ခဲ့ပေမယ့် ဖူလ်ဟမ်တို့ ကံဆိုးခဲ့ပြီး မန်စီးတီးတို့ အိမ်ကွင်းမှာ နိုင်ပွဲရရှိသွားခဲ့ပါတယ်။

အခြားသောပွဲတွေမှာတော့ လိဒ်စ်က ဘုန်းမောက်ကို ၄-၃ ဂိုး၊ ဘရိုက်တန်က ဝုလ်ဗ်ကို ၂-၃ ဂိုးတို့နဲ့ အနိုင်ရရှိခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်နဲ့ဘရန့်ဖို့ဒ်တို့ကတော့ နှစ်ဂိုးစီသရေကျခဲ့ပါတယ်။

Share

Loading Next Article...
က္က