နာကျင်အချိန်ကိုမှာရတဲ့ ပင်နယ်တီကို သူသာထပ်မံကန်သွင်းခဲ့ပါက အသင်းသစ်အတွက် ပထမဆုံးဟက်ထရစ်ရရှိမယ့် စံချိန်ကို ရယူနိုင်ခဲ့မှာလည်းဖြစ်ပါတယ်။
လိုက်ဇစ်ကို ပီအက်စ်ဂျီက ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ၂ ဂိုးသွင်းယူပေးကာ ခြေစွမ်းပြခဲ့တဲ့ မက်ဆီဟာ သူ့အတွက် ဟက်ထရစ်ရရှိစေမယ့် အခွင့်အရေးကို ငြင်းဆန်ခဲ့ပါတယ်။ ဘတ်ပီရဲ့သွင်းဂိုးနဲ့ဦးဆောင်နေခဲ့တဲ့ ပီအက်စ်ဂျီဟာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရပြီးနောက် မက်ဆီက ၂ ဂိုးဆက်တိုက်သွင်းယူပေးခဲ့လို့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာ ပီအက်စ်ဂျီတို့ ပင်နယ်တီထပ်ရခဲ့ရာမှာ မက်ဆီသာ ကန်သွင်းယူခဲ့မယ်ဆိုရင် ဟက်ထရစ်ရရှိနိုင်မယ့် အခွင့်အရေးရှိခဲ့ပေမယ့် မက်ဆီက ဘတ်ပီကိုသာ ပေးကန်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီမတိုင်ခင် သူ သွင်းယူခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးမှာ ပင်နယ်တီတစ်ဂိုးပါဝင်ခဲ့တာဖြစ်ပြီး မက်ဆီက ဘတ်ပီကို အခွင့်အရေးပေးခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါပင်နယ်တီကိုတော့ ဘတ်ပီကန်သွင်းရာမှာ လွဲချော်ခဲ့လို့ ၃-၂ နဲ့သာ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဘတ်ပီက ပင်နယ်တီကန်သွင်းဖို့ ဆုံးဖြတ်ချက်ဟာ သူတို့နှစ်ဦးကြား နားလည်မှုရယူထားပြီးသားဖြစ်တယ်လို့ ဖြေရှင်းသွားခဲ့ပါတယ်။ ဘတ်ပီက "ဒါက ပုံမှန်ပါပဲ၊ လေးစားမှုလည်းဖြစ်ပါတယ်၊ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ပြီး သူနဲ့အတူကစားခွင့်ရတာ တကယ်ကြီးမြတ်ပါတယ်"