• Huawei ရဲ့ပံ့ပိုးမှုနဲ့ ကမ္ဘာ့ပထမဆုံး 5G ဝန်ဆောင်မှုပေးမယ့် ရှန်ဟိုင်းရထားဘူတာ

နှစ်ကုန်ပိုင်းမှာ 5G ပေးသွားမှာပါ

     တရုတ်နိုင်ငံ ရှန်ဟိုင်းမှ Hongqiao ရထားဘူတာရုံဟာ ဒီနှစ်ကုန်ပိုင်းမှာ ကမ္ဘာ့ပထမဆုံး 5G ရတဲ့ ဘူတာရုံဖြစ်လာတော့မှာပါ။

         လက်ရှိ 4G ကွန်ရက်ထက် အဆပေါင်း ၁၀၀ အထိ ပိုမိုမြန်ဆန်တဲ့ ultra-fast 5G ကွန်ရက်ကို Hongqiao ဘူတာမှာ Huawei က တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ ဒီဘူတာရုံမှာ တပ်ဆင်သွားမယ့် 5G digital indoor system (DIS) အတွက် Huwei နဲ့China Mobile တယ်လီကွန်းရဲ့ ရှန်ဟိုင်းရုံးခွဲတို့ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

image

Photo: dailymail

         ရှန်ဟိုင်းမှ Hongqiao ဘူတာရုံဟာ အာရှတစ်ခွင်မှာ ခရီးသည်အဝင်အထွက်အများဆုံး ဘူတာရုံတစ်ခု ဖြစ်ပြီး တစ်နှစ်ကို ခရီးသည် သန်း ၆၀ ကျော် နဲ့ခရီးသွားရာသီခွင်တွေမှာ တစ်ရက်ကို လူပေါင်း ၃၃၀၀၀၀ အထိ သွားလာနေတဲ့ ဘူတာတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ 5G ရလာပြီဆိုရင် ဒီဘူတာဟာ တစ်စက္ကန့်ကို ဒေတာမြန်နှုန်း 1.2Gbps နှုန်းအထိ ကွန်ရက်ဖြန့်ကျက်ပေးသွားမှာ ဖြစ်ပြီး ခရီးသွားတွေအနေနဲ့4K HD video call ခေါ်တာ ၊ ultra-HD လို့ခေါ်တဲ့ ရုပ်ရှင်အကြီးစားတွေကို upload တင်တာတွေကို အသာလေး လုပ်ဆောင်နိုင်တော့မှာပါ။

         5G ကွန်ရက်ရဲ့ အားသာချက်ဖြစ်တဲ့ တိုက်ခန်းတွေထဲရောက်နေလို့လိုင်းဆွဲအားထစ်တာ ကြာတာမျိုး မရှိတော့တာကြောင့် အင်တာနက်သုံးတာအပြင် မိုဘိုင်းလ်ငွေချေမှုစနစ်တွေမှာပါ လိုင်းဆွဲအားပြဿနာမရှိဘဲ သာသာယာယာသုံးနိုင်တော့မှာ ဖြစ်ပါတယ်။ Huawei ရဲ့ Wireless Solution ပိုင်း ဈေးကွက်အမှုဆောင်အရာရှိချုပ် ဇောင်ယူဖန်ကတော့တရုတ်ဟာ 5G တိုးတက်ရေးဖြစ်စဉ်မှာ အခရာကျပြီး မိုဘိုင်းအင်တာနက် ချိတ်ဆက်မှု ခေတ်သစ်ကို ဦးဆောင်သွားလိမ့်မယ်လို့ဆိုပါတယ်။

         "ကမ္ဘာမှာ 5Gကို commercialize လုပ်နိုင်တာက တရုတ် ၊ တောင်ကိုရီးယားနဲ့ဂျပန်က ဦးဆောင်နေတာပါ။ ဒီထဲမှာ တရုတ်က ဈေးကွက်အားဖြင့်ရော နောက်ပိုင်းအလားအလာအရပါ ပိုပြီး အားသာချက်တွေ ရှိနေပါတယ်။" လို့သူက ပြောပါတယ်။

Photo: SCMP

         ရှန်းကျန့်အခြေစိုက် ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းအစိတ်အပိုင်း ထုတ်လုပ်တဲ့ Huawei Technologies ကုမ္ပဏီဟာ ပဉ္စမမျိုးဆက် ကွန်ရက်နည်းပညာဖြစ်တဲ့ 5G ဖော်ထုတ်ရေးအတွက် ဒေါ်လာ ၂ ဘီလျံကျော် ရင်းနှီးမြှပ်နှံထားပါတယ်။ လက်ရှိအချိန်မှာ Huawei ဟာ ကမ္ဘာတစ်လွှားမှာ 5G စာချုပ်ပေါင်း ၃၀ ချုပ်ဆိုနိုင်ခဲ့သလို 5G နည်းပညာမူပိုင်ခွင့်ပေါင်း ၂၅၇၀ ပိုင်ဆိုင်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က