• Featured

    Hyun Bin ကို သဘောကျမိတဲ့အကြောင်းတွေ ပြောလာတဲ့ နန်းဆုရတီစိုး

ချစ်ခြင်းမေတ္တာတွေမှာ ကြွေဆင်းသွားခဲ့တာပါတဲ့။

နန်းဆုရတီစိုးကတော့ ကိုရီးယားမင်းသားချော Hyun Bin ကို အရမ်းသဘောကျတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ Crash Landing On You ဇာတ်ကားထဲက မြောက်ကိုရီးယားဗိုလ်ကြီးရဲ့ အချစ်တွေမှာ ကြွေဆင်းသွားခဲ့ရတာပါတဲ့။ 

image

နန်းဆုရတီစိုး တစ်ယောက် လက်ရှိထုတ်လွှင့်ပြသနေတဲ့ Crash Landing On You ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲထဲက မင်းသားချော Hyun Bin ကို သဘောကျမိတဲ့အကြောင်းတွေကို Duwun media အင်တာဗျူးမှာ ဖြေဆိုလာပါတယ်။ Hyun Bin ကတော့ ဒီဇာတ်ကားထဲမှာ မြောက်ကိုရီးယားဗိုလ်ကြီး ရီဂျောင်ဟွတ် ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ 

“ ချောတာ မချောတာထက် သူ့ကို ဘာလို့ကြိုက်သွားလည်းဆိုတော့ သူ့မှာ ယောကျ်ားဆန်တဲ့၊ ယောကျ်ား ပီသတဲ့ စိတ်ဓာတ်လေး တချို့ ပေါ်လွင်အောင် ရိုက်နိုင်တယ်။ သူ့ကာရိုက်တာက မိန်းကလေးတစ်ယောက်ကို အရမ်း Care လုပ်ပြီးတော့ ဂရုစိုက်တယ်။ အဲဒီမှာ သူ့ရဲ့ ကာရိုက်တာလေးက ချစ်ချင်စရာလေးဖြစ်သွားတာပေါ့။ ဆွဲဆောင်မှု တစ်ခုပေါ့နော်။ အဲဒီကာရိုက်တာလေးကြောင့် နန်းဆုကြိုက်သွားတာ” လို့ သူကဆိုပါတယ်။ 

Photo: Nan Su Yati Soe

Crash Landing On You ဇာတ်ကားထဲမှာ ဗိုလ်ကြီး ရီဂျောင်ဟွတ်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း အရမ်းသဘောကျခဲ့တယ်လို့ နန်းဆုရတီစိုးက ပြောပါတယ်။ 

“ သူချစ်တဲ့လူက လွဲပြီးတော့ တခြားကောင်မလေးတွေ ဘယ်လောက်ပဲ ချောနေပါစေ။ မိုက်နေပါစေ လာကြိုက်တာတောင်မှ Don’t care, No. အဖက်မလုပ်ဘူးလေ။ ချေတာပေါ့။ အဲဒီလို ပုံစံလေးကိုလည်း သဘောကျတယ်။ သူကြိုက်တဲ့ကောင်မလေးမှ ဒီကောင်မလေးပဲ နည်းနည်းလေးတောင် ယိုင်သွားတာမျိုး မရှိဘူးပေါ့နော်။ အရမ်း စမတ်ဖြစ်တဲ့ ယောကျ်ားတစ်ယောက်ပေါ့နော်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၅ ရက်နေ့က Tiger Sugar ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Hyun Bin

မြောက်ကိုရီးယားဗိုလ်ကြီးရဲ့ အချစ်ရေးအကြောင်းကို ပြောပြပြီးတဲ့နောက်မှာတော့ နန်းဆုရတီစိုးက သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပွင့်ပွင့်လင်းလင်း ပြောပြလာပါသေးတယ်။ ပရိသတ်တွေ သိထားသလို ချစ်သူအသစ်ရနေတာ မဟုတ်ဘူးလို့ သူကဆိုပါတယ်။ 

“ ချစ်သူ အသစ်ရနေပြီဆိုတာ အထင်မှားတာပါ။ ပရိသတ်တွေက မသိပဲ Music Video ရိုက်ကူးရေးမှာ တစ်ဖက်ကောင်လေးက My day တင်တယ်ထင်ပါတယ်။ အဲဒါကို နန်းဆု နဲ့ဆိုပြီးတော့ ပြောကြတာပါ။ သူ့ရဲ့ Music Video လည်း ထွက်တော့မယ်လို့ ပြောပါတယ်။ အခုနောက်ပိုင်းကတော့ နန်းဆုအနား က လူတွေအတွက် နန်းဆု ပျော်နေမှ၊ လှနေမှ သူတို့လည်း စိတ်ချမ်းသာတာဆိုတော့ အရင်ကထက် ပိုပျော်ပြီးတော့ ပိုလှအောင်နေတယ်” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: Nan Su Yati Soe

နန်းဆုရတီစိုးရဲ့ အနုပညာသက်တမ်းကတော့ ဆယ်စုနှစ် တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ သူမကိုတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ သူမဟာ တီဗီကြော်ငြာတွေ ၊ မဂ္ဂဇင်းကာဗာတွေမှာလည်း ဒီနေ့အချိန်ထိ ပါဝင်နေရတဲ့ မင်းသမီးချောတစ်ယောက်ပါ။ အခုလက်ရှိမှာတော့ ဂီတလမ်းကြောင်းပေါ်မှာ သီချင်းတွေနဲ့ ပျော်မွေ့နေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိထားတာ တွေ့ရပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က