• Featured

    Intel ရဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ယာဉ်များ ဂျာမနီမှာ စမ်းသပ်ခွင့်ရရှိ

တစ်နာရီ မိုင် ၈၀ အထိ အမြန်ဆုံးထားပြီး စမ်းသပ်မောင်းနှင်ရမှာပါ

ဂျာမနီနိုင်ငံ လမ်းတွေပေါ်မှာ Intel ရဲ့ Mobileye မောင်းသူမဲ့ကားတွေ စမ်းသပ်မောင်းနှင်ခွင့် ရခဲ့ပြီ ဖြစ်ပါတယ်။

Mobileye ဟာ ဂျာမနီနိုင်ငံအတွင်း အလိုအလျောက်ယာဉ် (AV) စမ်းသပ်မှုအတွက် လွတ်လပ်တဲ့ နည်းပညာဝန်ဆောင်မှုကုမ္ပဏီ TUV SUD ဆီက ပါမစ်ရထားတယ်လို့ PCMag သတင်းက ဆိုပါတယ်။ ဂျာမနီနိုင်ငံအတွင်းမှာ Mobileye ဟာ တရားဝင် AV Test ရထားပြီး မြို့ပြနဲ့ ကျေးလက်ဒေသတွေမှာ စမ်းသပ်သွားမှာပါ။

image

Photo: pcmag


စမ်းသပ်ချိန်မှာ အမြင့်ဆုံး မြန်နှုန်းအနေနဲ့ တစ်နာရီ ကီလို ၁၃၀ ( ၈၁ မိုင်) နှုန်းအထိ မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။ Mobileye ဒုဥက္ကဌ ဂျိုဟန်းဂျန်ဝစ်ကတော့ ဒီစမ်းသပ်ခွင့်လိုင်စင်ဟာ အနှာဂါတ် စီးနင်းလိုက်ပါမယ့် ခရီးသည်များ ၊ ကမ္ဘာ့ကားထုတ်လုပ်သူနဲ့ နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး အေဂျင်စီများအတွက် အခွင့်အလမ်းတစ်ခု ပေးနိုင်မယ်လို့ ပြောပါတယ်။

Intel ဟာ ၂၀၁၇ ခုနှစ်မှာ အစ္စရေးမှ Mobileye ကို ဒေါ်လာ ၁၅.၃ ဘီလျံနဲ့ ဝယ်ယူခဲ့တာပါ။ Mobileye ဟာ အလိုအလျောက်စနစ်နဲ့ လမ်းကြောင်းရှာဖွေမောင်းနှင်နိုင်တဲ့ နည်းပညာနဲ့ Chips များ ထုတ်လုပ်နေပြီး မတော်တဆမှု မဖြစ်အောင် သတိပေးစနစ် သုံးဖို့ လုပ်ဆောင်နေပါတယ်။ Itel ဟာ မကြာသေးခင်ကလည်း အစ္စရေးမှ Mobility ဝန်ဆောင်မှုတစ်ခု ဖြစ်တဲ့ Moovit ကို ဒေါ်လာသန်း ၉၀၀ နဲ့ ဝယ်ယူခဲ့ပါတယ်။

တစ်ချိန်မှာ Intel ဟာ Moovit နဲ့ Mobileye နည်းပညာ သုံးပြီး app အခြေခံ Ride-hailing ဝန်ဆောင်မှုတစ်ခုကို သွားဖို့ ရည်ရွယ်ထားပါတယ်။ လတ်တလောမှာလည်း ဂျေရုစလင်မှာ မောင်းသူမဲ့ကားတွေ စမ်းသပ်နေပြီး လာမယ့် ၂၀၂၂ မှာ တယ်လ်အဲဗစ် ၊ ဒေဂူးစီးတီး ၊ တောင်ကိုရီးယားနဲ့ ပါရစ်တို့မှာလည်း မောင်းသူမဲ့ကားတွေ ပြေးဆွဲဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က