ဒီဇိုင်းပိုင်း အပြောင်းအလဲတွေနဲ့ မြင်ရမယ့် iPhone သစ်တွေဟာ အရင်ကထက် ဒေါ်လာရာနဲ့ချီ ဈေးပို မြောက်ဖို့ ရှနေပါတယ်။
Apple analyst တစ်ဦးဖြစ်တဲ့ Chris Caso က ကမ္ဘာ့ဈေးကွက်ထဲဝင်မယ့် iPhone 14 သစ်တွေရဲ့ ဈေးနှုန်း အရင်ကထက် များဖို့ ရှိကြောင်း သတိပေးထားပါတယ်။
"အခု ကျွန်တော်တို့ စိတ်ပူနေတာက ငွေလဲနှုန်းတွေ အပြောင်းအလဲ ဖြစ်မလာရင် ဒီနှစ် ဆောင်းတွင်း ထုတ်ကုန်သစ်တွေ ဖြန့်ချိတဲ့အခါ တက်နေတဲ့ ဒေသတွင်းငွေကြေးအတိုင်း ဈေးမြှင့်ရောင်းမှာကိုပါ။ အရင်က ဒါမျိုး ဖြစ်လာရင် ဒေသတွင်းမှာ ဈေးတွေပါ တက်လာရာကနေ အဝယ်လိုက်မှုဘက်မှာ အထိနာတာတွေ ရှိခဲ့ပါတယ်။" လို့ သူက ပြောပါတယ်။

လက်ရှိ ကြားထားရတဲ့ အချက်အလက်တွေအရ အမေရိကန်မှာ iPhone 14 Pro နဲ့ iPhone 14 Pro Max ဆေးတွေကို ဒေါ်လာ ၁၀၀ စီ တိုးပြီး ၁၀၉၉ ဒေါ်လာနဲ့ ၁၁၉၉ ဒေါ်လာ ဈေးတွေနဲ့ စတင်ရောင်းချသွားဖို့ မျှော်လင့်ကြောင်း ဖော်ပြထားပါတယ်။ iPhone 13 Mini (၆၉၉ ဒေါ်လာ) ရဲ့ အဆက် ၆.၇ လက်မ Screen Size မော်ဒယ် iPhone 14 Max ဟာ ၂၀၂၁ မော်ဒယ် Mini ဗားရှင်းထက် ဒေါ်လာ ၃၀၀ အထိ ဈေးပိုတင်ရောင်းလာဖို့ ရှိနေပါတယ်။
ဒီနှစ် iPhone သစ်တွေဟာ Pro နဲ့ Non-Pro မော်ဒယ်တွေကို ပထမဆုံးအကြိမ် သိသိသာသာ မျိုးခွဲတော့မှာပါ။ သတင်းတွေအရ ဒီဇိုင်းပိုင်းမှာ iPhone 14 Pro မော်ဒယ်တွေဟာ Punch-Hole cutout ဒီဇိုင်း နဲ့ ပိုကွေးညွှတ်တဲ့ ထောင့်ချိုးတွေ သုံးလာပြီး Display Refresh ၊ Processor နဲ့ ကင်မရာစွမ်းရည်တွေမှာ Non-Pro မော်ဒယ်တွေထက် အပြတ်အသတ် သာဖို့ ရှိပါတယ်။ Pro မော်ဒယ် iPhone တွေဟာ 120Hz LTPO OLED Display ၊ A16 Bionic Chipset သစ် နဲ့ 48MP Main Sensor သစ်ကို သုံးလာမယ်လို့ သတင်းထွက်နေပါတယ်။
Non Pro မော်ဒယ်တွေကတော့ အရင်နှစ်ထွက် 60Hz Display ၊ မပြောင်းလဲတဲ့ ဒီဇိုင်း ၊ A15 Chipset အဟောင်း နဲ့ လာဖို့ များနေပါတယ်။