iPhone 14 Pro မှာ Notch အစား punch-hole display သုံးသွားဖို့ရှိ

48MP ကင်မရာသုံးမယ်လို့ ဆိုပါတယ်။

Apple အတွက် မေးခွန်းတစ်ခုက "အိုင်ဒီယာတွေ ခမ်းသွားပြီလား"ဆိုတာပါပဲ။

           နာမည်ကြီး Apple analyst ဖြစ်သူ မင်ချိကုအိုရဲ့ ခန့်မှန်းချက်အရ ၂၀၂၂ ခုနှစ်ထွက် Pro မော်ဒယ် iPhone သစ်တွေဟာ Notch ဒီဇိုင်း သုံးတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ iPhone X ကနေ စပြီး သုံးလာတဲ့ ရုပ်ဆိုးဆိုး Notch ဟာ နောက်နှစ်ထွက် iPhone 14 Pro မှာ အဆုံးသတ်ဖို့ ရှိပါတယ်။ Notch အစား သုံးမယ့် display ဒီဇိုင်းက တခြားမဟုတ်ပါဘူး။ လက်ရှိ အန်းဒရိုက်ဖုန်းတွေမှာ သုံးနေတဲ့ Punch-Hole display ဒီဇိုင်းမျိုး ဖြစ်မယ်လို့လည်း မင်ချိကုအိုက ခန့်မှန်းထားပါတယ်။

image



Photo: medium

           ၂၀၂၂ မှာ ထွက်လာမယ့် iPhone သစ်တွေနဲ့ ပတ်သက်လို့ မင်ချိကုအိုရဲ့ ခန့်မှန်းချက်တွေထဲမှာ စိတ်ဝင်စားစရာတချို့ ပါရှိပါတယ်။ ဒီထဲမှာ 5G ကွန်ရက် ပံ့ပိုးမှုပါတဲ့ iPhone SE သစ် ၊ ဈေးပိုသက်သာတဲ့ ၆.၇ လက်မ iPhone သစ် နဲ့အတူ punch hole display သုံး Pro မော်ဒယ်နှစ်မျိုးတို့ ပါဝင်မယ်လို့ ဆိုပါတယ်။ iPhone SE သစ်ကို ၂၀၂၂ ပထမနှစ်ဝက်မှာ ကြေညာသွားမှာ ဖြစ်ပြီး တခြား iPhone တွေကိုတော့ ပုံမှန်မိတ်ဆက်နေကျ ဒုတိယနှစ်ဝက်ဖြစ်တဲ့ စက်တင်ဘာလထဲမှာ မိတ်ဆက်သွားဖို့ ရှိပါတယ်။

           ကင်မရာဘက်မှာ ထူးခြားတာက iPhone 14 series တွေဟာ 48MP wide camera သစ်ကို သုံးလာဖို့လည်း ရှိနေပါတယ်။ iPhone 14 lineup ဟာ ၆.၁ လက်မ နဲ့ ၆.၇ လက်မအရွယ် ဆိုဒ်နှစ်မျိုးနဲ့ ထွက်ဖို့ ရှိပြီး iPhone 14 ၊ iPhone 14 Max နဲ့ iPhone 14 pro ၊ iPhone 14 Pro Max ဆိုပြီး ထွက်လာနိုင်ပါတယ်။ Pro မော်ဒယ်တွေမှာ punch-hole ဒီဇိုင်း သုံးထားပြီး ကျန်တဲ့မော်ဒယ်တွေမှာ Notch ဒီဇိုင်းကိုပဲ ဆက်သုံးလာဖို့ ရှိပါတယ်။

           iPhone 14 Max ဟာ ‌ဒေါ်လာ ၉၀၀ အောက် ဈေးနဲ့ ရောင်းချသွားဖို့ ရှိတယ်လို့လည်း ကုအိုက ခန့်မှန်းထားပါတယ်။ အစောပိုင်းက iPhone 14 သစ်တွေမှာ Under-display TouchID အထောက်အပံ့ပေးလာဖို့ ရှိတယ်ဆိုပြီး မင်ချိကုအိုက ပြောခဲ့ပေမယ့် အခုနောက်ဆုံးတစ်ခေါက် ပြောကြားချက်အရ Apple ဟာ ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်အထိ Under-Display TouchID ပါတဲ့ iPhone ကို မိတ်ဆက်နိုင်ဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Photo: backlightblog



           မင်ချိကုအိုရဲ့ ပြောကြားချက်တိုင်း မှန်တာတော့လည်း မဟုတ်ပါဘူး။ သူပြောခဲ့တဲ့ LEO (Low-Earth-Orbit) Satellites ဆက်သွယ်ရေးနည်းပညာလည်း iPhone 13 series တွေမှာ ပါမလာခဲ့ပါဘူး။ တကယ်လို့ iPhone 14 Pro မော်ဒယ်တွေမှာ punch-hole display သုံးခဲ့ရင်လည်း Innovative ဖြစ်တယ်လို့ ပြောစရာမရှိပါဘူး။ ဒီဇိုင်းနဲ့ စမတ်ဖုန်းနည်းပညာပိုင်းမှာ အန်းဒရိုက်ဖုန်းတွေဟာ အတော်ကြီး ခရီးရောက်နေပြီး iPhone က နောက်ကနေ လိုက်နေရလို့ Apple မှာ အိုင်ဒီယာကုန်နေပြီလားဆိုပြီး မေးစရာဖြစ်လာပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က