• Featured

    တရုတ်မှာ iPhone 13 စီးရီး အော်ဒါမှာယူသူ ၂ သန်းကျော် ရှိလာ

iPhone 12 ထက် ဈေးပိုသက်သာနေပါတယ်

ဆန်းဆန်းပြားပြား features တွေ မမြင်ရပေမယ့် iPhone 13 စီးရီးသစ်ကို တရုတ်ဈေးကွက်မှာ ကြိတ်ကြိတ်တိုး ဝယ်ယူအားပေးနေကြတယ်လို့ ဆိုပါတယ်။ 

ကြာသာပတေးနေ့ကအထိ တရုတ် e-Commerce ပလက်ဖောင်း JD.com ပေါ်က Apple Store ပေါ်မှာ pre-order တင်သူ ၂ သန်းကျော် ရှိတယ်လို့ South China Morning Post သတင်းက ဖော်ပြထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် iPhone 12 တုန်းက pre-order မှာယူမှုထက်လည်း ပိုများတာ ဖြစ်ပါတယ်။ ၂၀၂၀ တုန်းက ထွက်ခဲ့တဲ့ iPhone 12 ကို JD.com မှာ pre-order မှာစဉ်က အော်ဒါမှာယူသူ ၁.၅ သန်းကျော် ရှိခဲ့တာပါ။ 

image

Photo: Apple Insider


စမတ်ဖုန်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Huawei အနေနဲ့ အမေရိကန်အစိုးရရဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် High-End ဖုန်းမော်ဒယ်သစ်တွေ အထွက်နည်းလာချိန်မှာ Apple ထုတ်ကုန်သစ်တွေ ပိုပြီး အဝယ်လိုက်လာတာလည်း ဖြစ်ပါတယ်။ အဆင့်မြင့် အမေရိကန်နည်းပညာသုံးခွင့် ပိတ်ထားတာကြောင့် ပြီးခဲ့တဲ့လထဲမှာ ထွက်ခဲ့တဲ့ Huawei P50/P50 Pro မှာလည်း 4G မော်ဒယ်ပဲ ထွက်နိုင်ခဲ့ပါတယ်။ iPhone 13 ဟာ Apple ရဲ့ ဒုတိယမြောက် 5G ဖုန်းဖြစ်ပြီး 5G bands တွေ ပိုပါဝင်လာတယ်လို့ ဆိုပါတယ်။ 

"လက်ရှိဈေးကွက်ထဲမှာ ယွမ် ၅၀၀၀ အထက် (၇၇၆ ဒေါ်လာ) ဈေးတန်းထဲက iPhone 13 ကို ယှဉ်နိုင်တဲ့ ဖုန်း မရှိဘူး။ Huawei Mate စီးရီးတွေလောက် အားကောင်းတဲ့ဖုန်းလည်း မထွက်ဘူးလေ" လို့ Counterpoint Research အကြီးတန်း ဈေးကွက်သုတေသီ အီသန်ချီက ဆိုပါတယ်။ 


Photo: 9to5Mac

လောလောဆယ် တရုတ် e-Commerce ပလက်ဖောင်းတွေ ဖြစ်တဲ့ Alibaba Group Holdings ပိုင် Tmall ပလက်ဖောင်းမှာလည်း iPhone 13 စီးရီးကို စိတ်ဝင်စားမှု များနေကြတယ်လို့ ဆိုပါတယ်။ iPhone 13 မော်ဒယ်သစ်တွေဟာ iPhone 12 စီးရီးထက် တရုတ်မှာ ဈေးသက်သာမှုကလည်း တရုတ်က စမတ်ဖုန်းဝယ်သူတွေကို ပိုဆွဲဆောင်နိုင်ခဲ့တဲ့အချက်ထဲမှာ ပါပါတယ်။ iPhone 13 Mini ကို တရုတ်မှာ ၅၁၉၉ ယွမ် ၊ iPhone 12 နဲ့ iPhone 13 Pro ကို ၅၉၉၉ ယွမ်နဲ့ ၇၉၉၉ ယွမ် ဈေးတွေကနေ စတင် ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။ 

ဒါဟာ iPhone 12 LineUp ထက် ယွမ် ၃၀၀ ခန့်ကနေ ယွမ် ၈၀၀ အထိ ဈေးပိုသက်သာနေတာပါ။ iPhone 13 ကို စက်တင်ဘာ ၁၇ ရက်နေ့မှာ preorder လက်ခံထားပြီး ဆိုင်တွေပေါ် စက်တင်ဘာ ၂၄ ရက် ရောက်မယ်လို့လည်း ဆိုပါတယ်။ 

Share

Loading Next Article...
က္က