• Featured

    iPhone မှာ ဘယ်ပစ္စည်းတွေ လဲထားသလဲ ကြည့်နိုင်မယ့် Feature ပါဝင်လာ

Self-Service Repair အစီအစဉ် အသက်ဝင်လာပြီလို့ ဆိုရမှာပါ

Apple ကုမ္ပဏီဟာ iPhone သုံးသူတွေအတွက် ဘယ်အပိုင်းကို ပြင်ထားလဲဆိုတာကို အသိပေးမယ့် Feature သစ် ကြေညာလိုက်ပါတယ်။ 

iOS 15.2 update မှာ တွေ့ရမယ့် ဒီ feature ဟာ ဖုန်းရဲ့ဘယ်အပိုင်းတွေ ပြင်ထားသလဲ ၊ ဘက်ထရီနဲ့ Screen က လဲထားတာလားဆိုတာကို ဖော်ပြပေးသွားမှာပါ။ 9to5 Mac သတင်းအရ ဖုန်းထဲက လဲထားတဲ့အစိတ်အပိုင်းတွေနဲ့ ဖုန်းပြင်ထားတဲ့ History ဟာ ဖုန်း Settings ထဲကနေ ဝင်ကြည့်နိုင်မယ်လို့ ဆိုပါတယ်။ ကြည့်တာကိုတော့ Settings ထဲက General ကို သွားပြီး About အောက်ကနေ ဝင်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ 

image

Photo: 9to5Mac


တစ်ပတ်ရစ်နဲ့ Refur လုံးတွေ ပြန်ဝယ်မိသလားဆိုတာကို သိနိုင်မယ့် Feature ဖြစ်ပြီး တကယ်ပဲ အသုံးတည့်မယ့် Feature ဖြစ်လာမှာပါ။ Feature သစ်ဟာ iPhone ဘက်ထရီနဲ့ Screen တွေ Original ဟုတ်မဟုတ် အသိပေးနိုင်မယ့် အရင် Feature နဲ့ ချိတ်ဆက်သွားမှာ ဖြစ်ပြီး အကုန်လုံးကို တစ်နေရာတည်းမှာ ထည့်သွင်းဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒီ Feature ထဲမှာ ဘယ်နေ့က ပစ္စည်းလဲထားတယ်ဆိုတာကိုပါ ရက်စွဲနဲ့ ဖော်ပြပေးနိုင်မှာလည်း ဖြစ်ပါတယ်။

iPhone မော်ဒယ်ပေါ် လိုက်ပြီး Settings ထဲမှာ ပစ္စည်းအစိတ်အပိုင်းအသီးသီးရဲ့ အခြေအနေကို သိနိုင်မှာပါ။ iPhone XR , XS နဲ့ နောက်ပိုင်းထွက် မော်ဒယ်တွေအတွက် ဘက်ထရီအစိတ်အပိုင်းနဲ့ဆိုင်တဲ့ အချက်အလက်တွေပဲ ဖော်ပြပေးမှာ ဖြစ်ပြီး iPhone 11 မော်ဒယ်မှာ ဘက်ထရီနဲ့ Display ပြင်ထားတဲ့အချက်အလက် အသေးစိတ်ကို ကြည့်နိုင်မှာပါ။ iPhone 12 နဲ့ iPhone 13 မော်ဒယ်တွေမှာ ဘက်ထရီ ၊ Display အပြင် ကင်မရာအချက်အလက်တွေပါ ကြည့်နိုင်မယ်လို့လည်း ဆိုပါတယ်။ 

Photo: techtimes


သုံးပြီးသား iPhone တွေ ဝယ်/‌ရောင်း ဈေးကွက်ဟာ ဧရာမဈေးကွက်ကြီး ဖြစ်နေပေမယ့် တစ်ဖက်မှာလည်း ဝယ်ထားတဲ့ပစ္စည်းဟာ Overheat ဖြစ်လွယ်တဲ့ အရည်အသွေးနိမ့်ဘက်ထရီ သုံးထားသလား ဒါမှမဟုတ် Original iPhone Screen မဟုတ်ဘူးလားဆိုတာ ခွဲခြားမသိနိုင်တာကြောင့် အန္တရာယ်များတယ်လို့ ဆိုရမှာပါ။ Apple ကတော့ iPhone သုံးစွဲသူတွေကို ဖုန်းပြင်မယ်ဆို ကုမ္ပဏီထုတ် Original ပစ္စည်းအစိတ်အပိုင်းတွေနဲ့ပဲ လဲလှယ်ပြင်ဆင်ဖို့ အသိပေးမှုတွေ လုပ်ထားပါတယ်။ 

Apple ဟာ တရားဝင်စတိုးဆိုင်တွေ လာစရာမလိုဘဲ ကိုယ်တိုင်ဖုန်းပြင်နိုင်မယ့် Self-Service Repair Program ကို လာမယ့်နှစ်ကစတင် လုပ်ဆောင်သွားမှာ ဖြစ်ပြီး iOS 15.2 Update ကတော့ ဒီလုပ်ဆောင်မှုအတွက် ခြေတစ်လှမ်းလို့ ဆိုနိုင်ပါတယ်။ 

Share

Loading Next Article...
က္က