ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ စတုဂတ်ကြယ်ပွင့် နောက်ခံကစားသမား ပါဗက်ဟာ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့သဘောတူညီခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်သွားခဲ့ပါတယ်။
Photos: Sportskeeda
စတုဂတ်အသင်းရဲ့နောက်ခံကြယ်ပွင့်ကစားသမား ပါဗက်ဟာ ယခုရာသီကုန်မှာ စတုဂတ်အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ စတုဂတ်အသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ပါဗက်ဟာ ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးပြီးနောက် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ခိုင်ခိုင်မာမာထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။
ဘောလုံးလောကရဲ့ သင်မသိသေးတဲ့ ထူးထူးခြားခြားမှတ်တမ်းများ
အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ ပါဗက်ကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ လီဗာပူး၊ တော့တင်ဟမ်ဟော့စပါးနဲ့ အာဆင်နယ်အသင်းတို့က ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ကစားပေးဖို့ ရောက်ရှိနေတဲ့ ပါဗက်ကို L'Equipe က ဘိုင်ယန်မြူးနစ်အသင်းနဲ့ပတ်သက်တဲ့သတင်းကို မေးမြန်းခဲ့တဲ့အခါမှာ အခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Photos: The Star
"ကျွန်တော် စတုဂတ်မှာပါ။ အဲဒီမှာ အားလုံးအဆင်ပြေနေပါတယ်။ ကျွန်တော့်ရဲ့ကစားသမားဘဝအစီအစဉ်အရ ဂျာမနီမှာ နောက်ထပ်တစ်နှစ်လောက်ထပ်နေဦးမှာပါ"
"ကျွန်တော်က အရမ်းကြီးမားတဲ့ဂျာမနီကလပ်အသင်းတစ်သင်းမှာပါ။ ထူးခြားတဲ့ ပရိသတ်တွေလည်းရှိပါတယ်။ စတုဂတ်အသင်းက မိသားစုလိုပဲ။ အဲဒါ ကျွန်တော် လိုအပ်နေတဲ့အရာဖြစ်ပြီး အဲဒီအသင်းကို နှစ်သက်ရတဲ့အကြောင်းအရင်းပဲ။ အဲဒီမှာ ကျွန်တော် အရမ်းအဆင်ပြေနေပါတယ်"
"ကမ္ဘာ့ဖလားကို မျှော်မှန်းထားတာထက် ပိုမြန်မြန် ရရှိခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ဘယ်သူမှ မထင်ထားခဲ့ကြဘူး။ ကျွန်တော်တောင် အစတုန်းက စဉ်းကို မစဉ်းစားခဲ့ဘူး"လို့ ပြောကြားခဲ့ပါတယ်။