• ကွင်းအတွင်းပွဲချိန်အတွင်းမှာ VAR ပြန်မကြည့်ရဖို့ ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေ တောင်းဆို

VAR စနစ်ကြောင့် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ကွင်းအတွင်း VAR တီဗွီ ပြန်ကြည့်ရင် ပွဲအရှိန်ကို လျော့ချသလို ဖြစ်တဲ့အတွက်ကြောင့် VAR တီဗွီကို ပြန်မ ကြည့်ဖို့ တောင်းဆိုလာတာ ဖြစ်ပါတယ်။

image

ပရီးမီးယားလိဂ် ဒိုင်လူကြီးများ ကော်မတီက ကွင်းအတွင်း VAR ပြန်ကြည့်တဲ့စနစ်ကြောင့် ပွဲချိန် ထိခိုက်မှာစိုးတဲ့ အတွက် ပြန်မကြည့်စေဖိုု့ အဆိုတင်သွင်းမှုတစ်ရပ် ပြုလုပ်လာတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာ ပါတယ်။

ပရီးမီးယားလိဂ်မှာ VAR စနစ်ကို ဒီနှစ်မှ စတင်အသုံးပြုတာ ဖြစ်ပြီးပြီးခဲ့တဲ့ မန်စီးတီးပွဲနဲ့စပါးပွဲတွေမှာ VAR စနစ် ရဲ့ ဆုံးဖြတ်ချက်တွေအပေါ်ပရိသတ်တွေရဲ့ ဝေဖန်သံတွေ မြင့်တက်ခဲ့ပါတယ်။

image

VAR စနစ်ကြောင့် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို အနှောင့်အယှက်ဖြစ်စေရုံသာမက ကွင်းအတွင်း တီဗွီပြန် လည်ကြည့်ရှုရမှုတွေပါ ပါဝင်လာခဲ့ပါတယ်။

ဒါကြောင့် အင်္ဂလိဂ်ဒိုင်လူကြီးများကော်မတီ (PGMOL)က VAR တီဗွီကို ပွဲကစားနေစဉ်အတွင်းပြန်မကြည့်ဖို့ ဆုံး ဖြတ်ခဲ့တာပါ။

ဒေးလီးမေးလ်ရဲ့ ဆောင်းပါးရှင်လည်းဖြစ်၊ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်းလည်းဖြစ်တဲ့ မက်ခ်ကလန်တန်ဘတ်ခ်က - “ အဓိက ပြဿနာက ကွင်းလယ်ဒိုင်တွေက ပွဲချိန်တွင်း VAR ပြန်မကြည့်ချင်တာ ပဲ၊ အဓိက အကြောင်းရင်းက ပွဲရဲ့ အရှိန်ကို လျော့ချလိုက်သလိုဖြစ်နေလို့ပါ။ စီးတီးနဲ့စပါးတို့လို ပင်နယ်တီ မရတဲ့ အခြေအနေမျိုးမှာ အန်တိုနီတေလာနေရာမှာ မိုက်ဒိန်းဖြစ်နေရင်လည်း မပြောင်းလဲနိုင်ဘူး။" လို့ သုံးသပ် ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ VAR စနစ် အသုံးပြုမှုကြောင့် ဂိုးရပြီးမှ မရတော့တဲ့ အဖြစ်တွေ အပတ်တိုင်းမှာ ပေါ်ပေါက် နေသလို VAR စနစ်နဲ့ ကျင့်သားမရသေးတဲ့ ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေ အတွက်လည်း အခက်တွေ့နေစေ တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က