အမ်ဘာပေရဲ့ပို့စ်မှာ ရေးသားခဲ့တာပါ။

အယ်လ်နာဆာနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းတို့ရဲ့ တိုက်စစ်မှူးကြီး ရော်နယ်ဒိုကတော့ ကောမန့်တစ်ကြောင်းရေးပြီး စံချိန်သစ်တစ်ခု တင်သွားခဲ့ပြန်ပါတယ်။ ရော်နယ်ဒိုဟာ အမ်ဘာပေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မယ့်ပို့စ်အောက်မှာ ကောမန့် ဝင်ရေးခဲ့တာပါ။



အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့တော့မှာဖြစ်ကြောင်း ဒီရက်ပိုင်းအတွင်းမှာ အတည်ပြုကြေညာခဲ့ပါတယ်။ ဒီလိုမျိုး ကြေညာတဲ့နေရာမှာ အမ်ဘာပေက ရော်နယ်ဒိုနဲ့ တွဲရိုက်ထားတဲ့ပုံ၊ ရီးရဲလ်ဂျာကင်ဝတ်ထားတဲ့ပုံ၊ ရီးရဲလ်လေ့ကျင့်ရေးကွင်းရှေ့မှာ ရိုက်ထားတဲ့ပုံတွေနဲ့ တွဲတင်ခဲ့တာပါ။

ဒီပို့စ်အောက်မှာ ရော်နယ်ဒိုက “အခုကတော့ ငါစောင့်ကြည့်ရမယ့် အလှည့်ပေါ့ကွာ။ ဘာနေဗျူးမှာ မင်းတောက်ပတာကို ကြည့်ရဖို့အတွက် စိတ်လှုပ်ရှားနေပါပြီ” လို့ ရေးသားခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ဒီကောမန့်ကို လိုက်ခ်လုပ်ခဲ့တဲ့အရေအတွက်က (၄) သန်းဝန်းကျင်အထိ ရှိသွားခဲ့ပါတယ်။

ဒါဟာ အင်စတာဂရမ်သမိုင်းတစ်လျှောက်မှာ လိုက်ခ်အများဆုံး ရရှိခဲ့တဲ့ ကောမန့်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ဘာပဲလုပ်လုပ် သူ့ရဲ့ကျော်ကြားမှုကြောင့်ပဲ စံချိန်မှတ်တမ်းသစ်တွေကို ပိုင်ဆိုင်နေတာပါ။

အမ်ဘာပေဟာ ရော်နယ်ဒိုကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားပြီး ရော်နယ်ဒိုရဲ့ခြေရာကို နင်းနိုင်ဖို့ ကြိုးစားနေပါတယ်။ အခု ရီးရဲလ်ကို ရောက်ရောက်ချင်းမှာလည်း ရော်နယ်ဒိုနည်းတူ ကျောနံပါတ် (၉) ကို ဝတ်ဆင်ပြီး သူ့စိတ်ကြိုက် ကျောနံပါတ် (၁၀) ကို အမ်ဘာပေက စောင့်ဆိုင်းရဦးမှာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က