• ခေါင်းကြီးတို့ရဲ့နောက်မှာ လက်စွမ်းပြနိုင်တဲ့အပေါ် Slipknot တို့ကို ကျေးဇူးတင်ရမယ့်ဒီဂီယာ

ဒီဂီယာကတော့ သီချင်းနားထောင်ရင်း သူ့ကိုယ်သူလှုံ့ဆော်လေ့ရှိတာပါ။

ယူနိုက်တက်ရဲ့ အဓိကဂိုးသမား ဒီဂီယာဟာ အသင်းရဲ့ဂိုးပေါက်အတွက် မရှိမဖြစ် ကစားသမားလို့ဆိုရမှာဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံးလက်စွမ်းတွေနဲ့အတူ အသင်းကို မကြာခဏ ကယ်တင်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒင်းဟန်ဒါဆန်ကို ပထမဂိုးသမားနေရာ လွှဲပေးရမလိုဖြစ်ခဲ့ပေမယ့် ဒီဂီယာက ဒီရာသီမှာ အတည်ငြိမ်ဆုံး၊ အကောင်းဆုံးလက်စွမ်းတွေနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။

image

အသက် (၃၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဂီယာတယောက် ဒီလိုမျိုးတည်ငြိမ်တဲ့ လက်စွမ်းတွေ ပြသနေတဲ့အပေါ် ဂီတရဲ့လွှမ်းမိုးမှုကြောင့်ဖြစ်တယ်လို့ သိရှိရပါတယ်။ ယူအီးအက်ဖ်အေရဲ့ တရားဝင်ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခန်းမှာ ဒီဂီယာက ဒီအကြောင်းအရာတွေကို ထုတ်ဖော်ပြောကြားခဲ့ပြီး ပရိသတ်တွေအတွက်လည်း စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။

image

ဒီဂီယာက “ကျနော့်ကလေးဘဝတည်းက ဒီလိုပါပဲ။ ကျနော်က နွေရာသီကာလမှာဆိုရင် ကျနော့်မိဘတွေနဲ့အတူ စပိန်မှာရှိတဲ့ အယ်လီကန်တေဆိုတဲ့မြို့မှာ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ အဲ့ဒီမြို့ရောက်ရင် ကျနော့်အနီးအနား ပတ်ဝန်းကျင်မှာ ယောက်ျားလေးအချို့ရှိတယ်ဗျ။ ကျနော့်ထက် အသက်နည်းနည်းပိုကြီးတာပေါ့။ သူတို့က ဒီလိုမျိုး ဟဲဗီးမက်တဲလ်တွေကို နားထောင်ကြပါတယ်”

“ဒီတော့ ကျနော်လည်း လိုက်နားထောင်တာပေါ့ဗျာ။ ဟဲဗီးမက်တဲလ်တွေ၊ ရော့ခ်တွေကို ကျနော် သဘောကျပါတယ်။ ဒီဂီတအမျိုးအစားတွေက ကျနော့်ကို တကယ် စိတ်ဓာတ်တက်ကြွစေပါတယ်။ Slipknot, Avenged Sevenfold, System of a Down တို့ကိုလည်း ကျနော် ကြိုက်ပါတယ်။ တော်တော်များများ ကျနော် သဘောကျပါတယ်”

“စပိန်သီချင်းတွေဆိုလည်း ကျနော် နားထောင်ပါတယ်။ အရိုးသားဆုံးပြောရရင် ကျနော်က ဘယ်ဂီတအမျိုးအစားကိုမဆို နားထောင်ပါတယ်။ အကကောင်းတဲ့လူလားဆိုရင်တော့ အရမ်းလည်းမဆိုးပါဘူး။ ကျနော်က စည်းချက်တွေကို ကောင်းကောင်းခံစားနိုင်တယ်လေ။ ဒါပေမယ့် မိုက်ကယ်ဂျက်ဆင်လောက်တော့ ဘယ်ကတတ်မလဲဗျာ။ ဒါပေမယ့် အရိုးသားဆုံးပြောရရင် ကောင်းကောင်းတော့ ကတတ်ပါတယ်” လို့ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က