• ချန်ပီယံလိဂ်မရဏအုပ်စုကို စိန်ခေါ်လိုက်တဲ့ နယူးကာဆယ်အကြီးအကဲ

နယူးကာဆယ်တို့ ချန်ပီယံလိဂ်အုပ်စုကျပ်ထဲ ကျရောက်ခဲ့တာပါ။

နယူးကာဆယ်ရဲ့ အမှုဆောင်အရာရှိချုပ် ဒါရင်းအေလ်စ်က သူ့အသင်းအနေနဲ့ ချန်ပီယံလိဂ်ရဲ့ မရဏအုပ်စုမှာ အိမ်ဖြည့်အသင်းလုပ်နေမှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲပွဲတွေကို မနေ့ညက ကျင်းပပြုလုပ်ခဲ့ပါတယ်။

image

ဒီလိုမျိုး မဲခွဲခဲ့တဲ့နေရာမှာ နယူးကာဆယ်က ဥရောပရဲ့ နာမည်ရှိအသင်းတွေဖြစ်တဲ့ အေစီမီလန်၊ ပီအက်စ်ဂျီ၊ ဒေါ့မွန်တို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပါတယ်။ ဒီအုပ်စုကပဲ ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ မရဏအုပ်စုအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။

image

အေလ်စ်ကတော့ “ဝိုး။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အုပ်စုလဲ။ ပီအက်စ်ဂျီ၊ ဒေါ့မွန်၊ အေစီမီလန်ဆိုပြီး ထိပ်သီးသုံးသင်းပါလာပါတယ်။ ပီအက်စ်ဂျီက ဘောလုံးလောကရဲ့ တော်ဝင်အသင်း၊ ဒေါ့မွန်ကလည်း ထိပ်တန်းအသင်းတစ်သင်းပါ။ စိန့်ဂျိမ်းပါ့ခ်က ပထမဆုံးပွဲရဲ့ ဆူညံသံတွေက တကယ်ကို ထူးခြားခမ်းနားနေတော့မှာပဲ”

“ကျွန်တော်တို့က မနှစ်က ကြီးကျယ်ခမ်းနားတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ အခုချန်ပီယံလိဂ်မှာလည်း အိမ်ဖြည့်အသင်းတစ်သင်းအနေနဲ့ လာမှာ မဟုတ်ပါဘူး။ တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ ပွဲစဉ် (၆) ပွဲကို ကစားရမှာဖြစ်ပြီး ရှိသမျှ အကုန်ပေးဆပ်သွားမှာပါ”

“ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို အိပ်မက်မက်စေချင်ပြီး ဒီအသင်းတွေကို ချန်ပီယံလိဂ်သီချင်းသံနဲ့အတူ အိမ်ကွင်းမှာ ရင်ဆိုင်ဖို့ မစောင့်နိုင်တော့ပါဘူး။ ဒါက တကယ်ကို လှပတဲ့ အံ့အားသင့်ဖွယ်ရာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ နယူးကာဆယ်တို့ အခုလိုမျိုး အေစီမီလန်နဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ထိပ်တိုက်တွေ့ခဲ့တာက တိုနာလီအတွက်လည်း အသင်းဟောင်း အေစီမီလန်နဲ့ ပြန်လည်ရင်ဆိုင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က