• ချန်ပီယံလိဂ်ဖိုင်နယ်သွင်းဂိုးကို အကြိမ် (၅) ထောင်လောက် ကြည့်ပြီးပြီဆိုတဲ့ ရိုဒရီ

ရိုဒရီက သွင်းယူခဲ့တာပါ။

မန်စီးတီးကွင်းလယ်လူ ရိုဒရီဟာ အင်တာမီလန်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲက သူ့ရဲ့သွင်းဂိုးကို အကြိမ် (၅) ထောင်လောက် ကြည့်ရှုပြီးပြီလို့ ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲမှာ မန်စီးတီးက အင်တာမီလန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

image

ဒီပွဲရဲ့ ဒုတိယပိုင်းမှာ ရိုဒရီက မန်စီးတီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး သူ့အတွက် သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ မန်စီးတီးကလည်း ချန်ပီယံလိဂ်ဖလားအပါအဝင် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို တစ်ရာသီအတွင်း ဆွတ်ခူးနိုင်ခဲ့ပြီး ယူနိုက်တက်နောက်ပိုင်း ဖလား (၃) လုံးရရှိတဲ့ ပထမဆုံး အင်္ဂလန်ကလပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

image

အဆိုပါ ချန်ပီယံလိဂ်ဗိုလ်လုပွဲက သွင်းဂိုးနဲ့ ပတ်သက်လို့ ရိုဒရီက “ကျွန်တော် သွင်းခဲ့တဲ့ဂိုးကို အကြိမ်ပေါင်း (၅) ထောင်လောက် ကြည့်ပြီးသွားပါပြီ။ မတူညီတဲ့ နောက်ခံစကားပြောတွေဖြစ်တဲ့ စပိန်၊ အင်္ဂလိပ်၊ ဂျာမန်၊ အီတာလျံ အစရှိတဲ့ ဘာသာစကားတွေကို နားထောင်ပြီးတော့ကို ကြည့်ခဲ့တာပါ။ ဒါက ကျွန်တော့်အတွက် ထူးခြားကောင်းမွန်ပါတယ်”

“ဒီလိုအခိုက်အတန့်မျိုးတွေကို ပိုင်ဆိုင်ခွင့်ရတာက ဘောလုံးလောကရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ အထူးသဖြင့် ကွင်းလယ်အထိုင် ကစားသမားတစ်ယောက်အနေနဲ့ ခင်ဗျားက ပွဲကိုအဆုံးအဖြတ်ပေးနိုင်တယ်လို့ ခံစားမိမှာ မဟုတ်ပါဘူး။ အခု ကျွန်တော် အားလပ်ရက် ခရီးထွက်တိုင်း ပရိသတ်တွေက ကျွန်တော့်နာမည်ကို သီချင်းလုပ်ဆိုနေကြပြီး ကျွန်တော့်ဘဝကလည်း နေထိုင်ရတာ အနှစ်သာရရှိလာခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ရိုဒရီဟာ မန်စီးတီးနည်းပြ ဂွါဒီယိုလာ အဓိကအားကိုးရတဲ့ ကွင်းလယ် ခံစစ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးတို့ ကဲလ်ဗင်ဖီးလစ်ကို ခေါ်ယူခဲ့သေးပေမယ့် ရိုဒရီကတော့ သူ့ရဲ့ပုံမှန်နေရာကို မဆုံးရှုံးရအောင် ပုံမှန်ခြေစွမ်းနဲ့ ထိန်းသိမ်းနိုင်ခဲ့ပြီး အခုလိုမျိုး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာပါ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ 

Share

Loading Next Article...
က္က