သရုပ်ဆောင်သွန်းဆက်ကတော့ မတ်လ(၂၉)ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့မွေးနေ့အတွက် အလှဓာတ်ပုံရိုက်ကူးဖို့ ပြင်ဆင်နေချိန် ချစ်သူဆီကနေ လက်ထပ်ခွင့်တောင်းခံလိုက်ရတာ ဖြစ်ပါတယ်။
Photo - သွန်းဆက်ဖေ့စ်ဘွတ်
ချစ်သူ ကိုကိုရဲ့ မွေးနေ့လေးမှာ အခုလိုမျိုး လက်ထပ်ခွင့် surprise လုပ်ပေးခဲ့တဲ့အတွက်လည်း သူမဘဝအတွက် အရမ်းကို အမှတ်တရ ဖြစ်စေပြီး အပျော်ရွှင်ရဆုံး နေ့တစ်နေ့လေးလည်း ဖြစ်ခဲ့ရပါတယ်လို့ ဆိုပါတယ်။
“သွန်းဆက်မွေးနေ့က ၂၉ ရက်နေ့လေ အဲ့တော့ ၂၆ ရက်နေ့က မွေးနေ့ မှာ တင်ဖို့ အလှဓာတ်ပုံသွားရိုက်မယ်ပေါ့၊ဝတ်စုံလေးကတော့ ချစ်သော မာမီပုံ့ စီစဉ်ပေးထားတာ… မိတ်ကပ်ကတော့ Kwan Kwan ပေါ့ … အကုန်စီစဉ်ထားတာ… decoration စီစဉ်သူက မမဂျာပေါ့ … ကြာကန်လေးနားမှာ အလှဆင်ပီးရိုက်ကြမယ်တဲ့လေ… အဲ့တော့ မိတ်ကပ်ဆရာနဲ့ကိုယ်က ဆံပင်လေးကိုရေစိုဒီဇိုင်းလေးလုပ်ပီး ရိုက်ကြမယ်ပေါ့ ကြာပန်းတွေနဲ့ကြာကန်နားဆိုပီးလေ… မာမီပုံ့ကလဲ ရေစိုဒီဇိုင်းလေးနဲ့ ရေထဲက တက်လာတဲ့ကောင်မလေးပုံလေးဆိုပီး ရိုက်ကြမယ်ပေါ့… ပြင်ဆင်ပီးရိုက်မယ့်နေရာက seed မှာလေ … သွားကြတာပေါ့ …seed ရောက်တော့
ဘယ်လိုတွေတောင် တစ်ဖွဲ့လုံးစပရိုက်တိုက်ကြတာလဲ🥺မန္တလေးကနေ တောင်တကူးတကချစ်လေးတွေလဲရောက်လာပေးတာနော် 🥰ရန်ကုန်ကချစ်လေးတွေကလဲ အကုန်ကြိုတင်စီစဉ်ပေးထားကြတာ😍 ကိုယ်က မွေးနေ့အတွက်ဓာတ်ပုံရိုက်ဆိုတော့ မသိဖူးလေ… နေပူသေးတယ် မလာသေးဖူးဆိုပီး အေးဆေးမှလာတာပေါ့… အဖွဲ့တွေအားလုံးကစောင့်နေကြတာ နေပူထဲမှာ 😞 အရမ်းလဲအားနာတယ် စိတ်လဲမကောင်းဖူး… အဲ့လို စပရိုက်လုပ်မယ်မှန်းသိ စောစောလာတာပေါ့ 🤗 ၂၆ ရက်နေ့က ဘဝရဲ့အမှတ်တရနေ့လေးတနေ့ပါ … ကိုကိုရဲ့ မွေးနေ့လဲ ဖြစ်သလို Proposal လုပ်တဲ့နေ့လေးလဲဖြစ်သွားတော့ ဘဝရဲ့အမှတ်တရ
နေ့လေးတနေ့ပါ”ဆိုပြီး သူမရဲ့ လူမှုကွန်ယက်မှာ မတ်လ(၂၇)ရက်နေ့ ညပိုင်းက ပြောပြခဲ့တာပါ။
Photo - သွန်းဆက်ဖေ့စ်ဘွတ်
ချစ်သူဆီက လက်ထပ်ခွင့်တောင်းခံ မှုကို အဖြေပြန်ပေးချိန်မှာလည်း အပျော်လွန်ပြီး စကားတွေတောင် မှားခဲ့သေးတယ်ဆိုပြီး သူမရဲ့အလွဲလေးကို ပြောပြထားပါသေးတယ်။
“ချစ်KသူoKo said marry me ? I said “ Yes “ အဲ့လိုမပြောမိပဲ “ အရမ်းပေါ့ “ ဆိုပီး မထော်ပြောမိသွားတယ်ရှင် “ ဆိုပြီး သူမရဲ့အလွဲလေးကိုလည်း ပြောပြခဲ့တာပါ။
Photo - သွန်းဆက်ဖေ့စ်ဘွတ်
သွန်းဆက်ကိုတော့ဟာသဇာတ်ကားတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ သွက်လည်းသွက် ခပ်စွာစွာကောင်မလေးတစ်ယောက်ကို ပရိသတ် တွေက အမြဲတမ်းသတိထားမိကြမှာပါ။ သွန်းဆက်က အခုဆိုရင်ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်း ခေါင်းဆောင် မင်းသမီး အဖြစ်ပါဝင်ရိုက် ကူးနေတာ ဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။
Share