မနေ့ညက ကစားခဲ့တဲ့ နယ်သာလန်နဲ့ ခရိုအေးရှားတို့ရဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဥ်မှာ မိုဒရစ်က မိနစ် (၁၂၀) နီးပါးကို အကောင်းဆုံး စွမ်းဆောင် ကစားပြခဲ့ပါတယ်။ ဒါ့အပြင် ခရိုအေးရှားဟာ သူ့ရဲ့ ပွဲသိမ်းဂိုးနဲ့အတူ နေးရှင်းလိဂ်ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပြီး အီတလီနဲ့စပိန်တို့အနက် အနိုင်ရရှိတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင် ကစားရမှာလည်း ဖြစ်ပါတယ်။

ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ကြည့်ကောင်းခဲ့ပြီး ပွဲကစားချိန် မိနစ် (၉၀) အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကျနေခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုမှာတော့ ခရိုအေးရှားက နောက်ထပ် နှစ်ဂိုး ထပ်မံသွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာတော့ ၂-၄ ဂိုးနဲ့ အနိုင်ရရှိကာ နေးရှင်းလိဂ်ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ နယ်သာလန်က ဗန်ဒိုက်ချ်၊ ဒမ်းဖရိုင်းစ်၊ အကီ၊ ဒီဂျောင်၊ မာလန်၊ ဇာဗီဆိုင်မွန်စ်၊ ဂတ်ခ်ပိုတို့ ပွဲထွက် ကစားခဲ့ပါတယ်။ မိုဒရစ်ဦးဆောင်လာတဲ့ ခရိုအေးရှားကလည်း ခရမ်မာရစ်၊ ပါဆာလစ်၊ ကိုဗာဆစ်၊ ဘရိုဇိုဗစ်၊ ပါရီဆစ်၊ ဗိုင်ဒါတို့နဲ့အတူ နယ်သာလန်ကို ရင်ဆိုင်ကစားခဲ့တာဖြစ်ပါတယ်။ အဖွင့်ဂိုးရရှိတာကတော့ နယ်သာလန်ဖြစ်ခဲ့ပါတယ်။
နယ်သာလန်အတွက် ဦးဆောင်ဂိုးကို မာလန်က သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ ခရိုအေးရှားက ခရမ်မာရစ် (ပင်နယ်တီ) ၊ ပါဆာလစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ပြန်လည် ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးခါနီး မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၆) မိနစ်မှာတော့ လူစားဝင်ကစားသမား လန်က နယ်သာလန်အတွက် ချေပဂိုး သွင်းပေးခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပါတယ်။
အချိန်ပိုမှာတော့ ခရိုအေးရှားအတွက် ဂိုးတွေကို ပတ်ကိုဗစ်၊ မိုဒရစ် (ပင်နယ်တီ) တို့က ဆက်လက် သွင်းယူပေးခဲ့ပြီး ခရိုအေးရှားတို့ နေးရှင်းလိဂ် ဗိုလ်လုပွဲ တက်ရောက်ခဲ့တာပါ။ ဒီပွဲမှာ တစ်ပွဲလုံး ခြေစွမ်းပြကစားသွားခဲ့တဲ့ မိုဒရစ်ကလည်း ပြိုင်ဘက် နယ်သာလန်ပရိသတ်တွေရဲ့ လက်ခုပ်သံတွေကိုပါ သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရပါတယ်။