• လုပ်မယ့်လုပ်၊ တန်းဆင်းကြေးပဲ လုပ်တော့မယ်ဆိုပြီး အိုးနင်းခွက်နင်းတွေလုပ်နေတဲ့ ပြင်သစ်

ပြင်သစ်တို့ ခရိုအေးရှားကို မိုဒရစ်ရဲ့တလုံးတည်းသောသွင်းဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။

ပြင်သစ်ဟာ မနေ့ညက ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဥ်မှာ ခရိုအေးရှားကို ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် ပြင်သစ်အနေနဲ့ အုပ်စုနောက်ဆုံးပွဲအဖြစ် သြစတြီးယားနဲ့ပွဲမှာသာ ထပ်မံအခြေအနေဆိုးခဲ့ရင် League A ကနေ League B ကို တန်းဆင်းရဖို့ရှိနေပြီဖြစ်ပါတယ်။

image

ပြင်သစ်ဟာ ဒီပွဲမှာ ကိုနာတေး၊ ကွန်ဒေး၊ ကာမာရာ၊ ဘန်ဇီမာ၊ အန်ကွန်ကူး၊ အမ်ဘာပေတို့လို ကြယ်ပွင့်ကစားသမားတွေ အစုံအလင်ပွဲထွက်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲကစားချိန် (၅) မိနစ်မှာ ခွင့်ပြုလိုက်ရတဲ့ မိုဒရစ်ရဲ့ တလုံးတည်းသော ပင်နယ်တီသွင်းဂိုးကြောင့် ကမ္ဘာ့ချန်ပီယံတို့ အခုလိုပဲ နေးရှင်းလိဂ်မှာ တန်းဆင်းရဖို့ နီးစပ်သွားခဲ့တာပါ။

image

ပြင်သစ်ဟာ ဒီနှစ် နေးရှင်းလိဂ်ပွဲစဥ် (၄) ပွဲကစားပြီးချိန်မှာ နိုင်ပွဲလုံးဝမရှိသေးဘဲ (၂) ပွဲသရေ၊ (၂) ပွဲရှုံးနဲ့ (၂) မှတ်သာရရှိထားတာပါ။ အုပ်စုတူနှစ်သင်းဖြစ်တဲ့ ဒိန်းမတ်နဲ့သြစတြီးယားတို့ပွဲမှာတော့ ဒိန်းမတ်က ရန်းနစ်ဂ်ကိုင်တွယ်နေတဲ့ သြစတြီးယားကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပြင်သစ်ဟာ လက်ရှိအချိန်မှာတော့ အုပ်စုနောက်ဆုံးကို ရောက်ရှိနေပါတယ်။

အုပ်စုတပွဲသာ ကစားဖို့ကျန်ရှိချိန်မှာ လက်ရှိ League A ရဲ့ အုပ်စုနောက်ဆုံးရောက်နေတဲ့အသင်းတွေကတော့ နာမည်ကြီးအသင်းတွေပဲဖြစ်တဲ့ ပြင်သစ်၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ ဝေးလ်စ်တို့ဖြစ်ပါတယ်။ ဒီအသင်းတွေဟာ လာမယ့်စက်တင်ဘာမှာ ကစားမယ့် အုပ်စုနောက်ဆုံးပွဲတွေမှာသာ ရလဒ်မကောင်းခဲ့ရင် ပြိုင်ပွဲရဲ့သတ်မှတ်ချက်အရ League B ကို တန်းဆင်းရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က