• ယူနိုက်တက်မှာမဟုတ်ရင် အားလုံးကောင်းတယ်ဆိုတာကို ဆရာကြီးရန်းနစ်ဂ်သက်သေပြနေ

ပြင်သစ်တို့ သြစတြီးယားကို သရေကျအောင် မနည်းကစားခဲ့ရတာပါ။

မနေ့ညက ကစားခဲ့တဲ့ သြစတြီးယားနဲ့ပြင်သစ်တို့ပွဲမှာတော့ ကမ္ဘာ့ဖလားရဲ့ လက်ရှိချန်ပီယံပြင်သစ်တို့ နောက်ကနေ လိုက်ကစားခဲ့ရပြီး သရေတမှတ်ရဖို့ အသည်းအသန်ရုန်းကန်ခဲ့ရပါတယ်။ ဒီပွဲမှာ သြစတြီးယားက ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပြီး ပြင်သစ်က အမ်ဘာပေရဲ့ နောက်ကျချေပဂိုးကြောင့်သာ တဖက်တဂိုးစီသရေကျခဲ့တာပါ။

image

ဒီပွဲမှာ ပြင်သစ်နည်းပြ ဒက်ချမ့်စ်က ဂရစ်ဇ်မန်း၊ ဘန်ဇီမာ၊ ကိုးမန်း၊ ချူအာမန်နီ၊ ကိုနာတေး၊ ပါဗက်၊ လိုရစ်တို့ကို ပွဲထုတ်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း အမ်ဘာပေ၊ ဂွန်ဒိုဇီ၊ အန်ကွန်ကူးတို့ကို လူစားလဲကစားခဲ့ပါတယ်။ နည်းပြကြီး ရန်းနစ်ဂ်ရဲ့ သြစတြီးယားက ပထမပိုင်းမှာ လိုင်မာရဲ့ဖန်တီးပေးမှုကတဆင့် ဝိုင်မန်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

image

ဒီပွဲမှာ ပြင်သစ်က ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးပေါက်ကန်သွင်းခွင့်အသာနဲ့ သြစတြီးယားကို ဖိအားပေးနိုင်ခဲ့တာပါ။ ဒါပေမယ့် ချေပဂိုးရရှိဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ပွဲကစားချိန် (၈၂) မိနစ်မှသာ လူစားဝင်ကစားသမားနှစ်ယောက်ဖြစ်တဲ့ အန်ကွန်ကူးရဲ့ ဖန်တီးပေးမှုကတဆင့် အမ်ဘာပေက တဂိုးစီသရေဖြစ်စေမယ့် ချေပဂိုးသွင်းယူပေးခဲ့တာပါ။

လက်ရှိနေးရှင်းလိဂ်ပြိုင်ပွဲမှာတော့ ပြင်သစ်က (၃) ပွဲကစားပြီး အခုချိန်ထိ နိုင်ပွဲမရရှိသေးပါဘူး။ ပြင်သစ်ဟာ ဒိန်းမတ်ကိုရှုံးနိမ့်ထားတဲ့အပြင် ခရိုအေးရှားနဲ့ အခု သြစတြီးယားတို့ကို ဆက်တိုက်သရေကျခဲ့တာဖြစ်ပါတယ်။ ရန်းနစ်ဂ်လက်ထက် သြစတြီးယားကတော့ (၃) ပွဲကစားပြီးချိန်မှာ တပွဲနိုင်၊ တပွဲသရေ၊ တပွဲရှုံးနဲ့ ရမှတ် (၄) မှတ် ရရှိထားပြီးပြီလည်းဖြစ်ပါတယ်။

လက်ရှိပြင်သစ်တို့ အုပ်စုမှာတော့ ဒိန်းမတ်က ရမှတ် (၆) မှတ်နဲ့ အုပ်စုပထမ၊ သြစတြီးယားနဲ့ ခရိုအေးရှားတို့က ရမှတ် (၄) မှတ်စီနဲ့ အဆင့် (၂) နဲ့ (၃) တို့မှာ ရပ်တည်နေပါတယ်။ ကမ္ဘာ့ချန်ပီယံပြင်သစ်ကတော့ အံ့အားသင့်ဖွယ်ကောင်းစွာနဲ့ပဲ တပွဲမှမနိုင်သေးဘဲ အုပ်စုအောက်ဆုံးမှာ ရပ်တည်လျက်ရှိပါတယ်။ 

Share

Loading Next Article...
က္က