• ချဲလ်ဆီးနဲ့ရီးရဲယ်မက်ဒရစ်တို့ ထိပ်တိုက်တွေ့ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မဲခွဲပွဲ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဥ်တွေအတွက် မဲခွဲခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် မဲခွဲပွဲကိုတော့ ဒီကနေ့ညနေပိုင်းမှာ ဆက်လက်ကျင်းပခဲ့ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို ဘိုင်ယန်မြူးနစ်၊ လီဗာပူး၊ ရီးရဲယ်မက်ဒရစ်၊ မန်စီးတီး၊ အက်သလက်တီကို၊ ဘင်ဖီကာ၊ ချဲလ်ဆီးနဲ့ ဗီလာရီးရဲယ်တို့က တက်ရောက်လာခဲ့ပါတယ်။

image

ပြီးခဲ့တဲ့ ရှုံးထွက် (၁၆) သင်းအဆင့်မှာ ရော်နယ်ဒို၊ မက်ဆီတို့ပါဝင်တဲ့ နာမည်ကြီး ယူနိုက်တက်၊ ပီအက်စ်ဂျီတို့အပြင် ဂျူဗင်တပ်စ်နဲ့အေဂျက်စ်တို့ ပြုတ်ကျန်ရစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံ ချဲလ်ဆီးအပါအဝင် ဘိုင်ယန်မြူးနစ်၊ ရီးရဲယ်မက်ဒရစ်၊ မန်စီးတီး၊ လီဗာပူးတို့ ကျန်ရှိနေဆဲလည်းဖြစ်ပါတယ်။ 

image

ပထမဆုံးပွဲစဥ်အဖြစ် ထိပ်တိုက်တွေ့ခဲ့တဲ့ နှစ်သင်းကတော့ ချဲလ်ဆီးနဲ့ရီးရဲယ်မက်ဒရစ်တို့ပဲဖြစ်ကြပါတယ်။ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာလည်း ထိပ်တိုက်တွေ့ခဲ့ကြပြီး အခု ဒီနှစ် ကွာတားဖိုင်နယ်မှာ ထပ်မံရင်ဆိုင်ရတော့မှာပါ။ ဟာဇက်၊ ကော်တိုအာတို့လည်း အသင်းဟောင်းကို ထပ်မံရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

ရှုံးထွက် (၁၆) သင်းအဆင့်မှာ မန်ချက်စတာမြို့ခံကလပ် ယူနိုက်တက်ကို ဖြုတ်ချခဲ့တဲ့ အက်သလက်တီကိုကတော့ အခု ကွာတားဖိုင်နယ်မှာလည်း မန်စီးတီးနဲ့ပဲ ထပ်မံရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ အက်သလက်တီကိုဟာ အုပ်စုအဆင့်မှာလည်း လီဗာပူးနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒီနှစ်ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်အသင်းတွေနဲ့ပဲ ဆက်တိုက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ရှုံးထွက် (၁၆) သင်းအဆင့်မှာ ဗီလာရီးရဲယ်ကို ဖြုတ်ချခဲ့တဲ့ ဗီလာရီးရဲယ်ကတော့ ကံဆိုးခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး ဂျာမန်ဘီလူးကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ ဆဲလ်ဘာ့ဂ်ကို ဂိုးပြတ်သွင်းပြီး အခုလိုပဲ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

လီဗာပူးကတော့ ပွဲချောင်သွားခဲ့တယ်လို့ပြောရမှာဖြစ်ပြီး ကွာတားဖိုင်နယ်မှာ အင်အားအနည်းဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ဘင်ဖီကာနဲ့ပဲ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ ဘင်ဖီကာဟာ အေဂျက်စ်ကို မထင်မှတ်ဘဲ အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပြီး လီဗာပူးကတော့ ရှုံးထွက်အဆင့်မှာ အင်တာမီလန်ကို အနိုင်ယူကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။

အခု မဲခွဲပြီးတဲ့ရလဒ်တွေအရ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ချဲလ်ဆီးနဲ့ရီးရဲယ်မက်ဒရစ်တို့ပွဲက အနိုင်ရတဲ့အသင်းဟာ မန်စီးတီးနဲ့အက်သလက်တီကိုပွဲက အနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့ဆုံဖို့ရှိပါတယ်။

ဒါ့အပြင် ဗီလာရီးရဲယ်နဲ့ဘိုင်ယန်မြူးနစ်ပွဲမှာ အနိုင်ရတဲ့အသင်းက လီဗာပူးနဲ့ဘင်ဖီကာပွဲမှာ အနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံပါလိမ့်မယ်။ ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဥ်တွေကိုတော့ ဧပြီ (၅) နဲ့ (၆)၊ ဒုတိယအကျော့ပွဲစဥ်တွေကိုတော့ ဧပြီ (၁၂) နဲ့ (၁၃) တို့မှာ ကစားသွားမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က