• Featured

    ကိုရိုနာဗိုင်းရပ်စ်ကြောင့် WWDC developer ပွဲ အွန်လိုင်းကနေပဲ ကျင်းပသွားမည်

တစ်ချို့နည်းပညာပွဲကြီးတွေ ဖျက်ခဲ့ရပါတယ်။

နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ Apple ရဲ့ ကမ္ဘာ့ Developer များ ကွန်ဖရင့်ဟာ ပထမဆုံးအကြိမ်အဖြစ် အွန်လိုင်းသီးသန့်ပဲ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

တစ်နှစ်တာအတွက် Apple ရဲ့ အကြီးဆုံးနည်းပညာပွဲတွေထဲက တစ်ခု ဖြစ်တဲ့ World Wide Developer Conference (WWDC) ပွဲဟာ ဇွန်လထဲမှာ ကျင်းပဖို့ လျာထားတာပါ။ Apple ရဲ့ အွန်လိုင်း developer ကွန်ဖရင့်ဟာ သန်းနဲ့ချီတဲ့ developers တွေနဲ့ ဆက်သွယ်ပေးမယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။

image

Photo: macrumors

" လက်ရှိကျန်းမာရေးအခြေအနေအရ ကျွန်တော်တို့ developer အသိုင်းအဝိုင်းအားလုံးအတွက် လေ့လာမှုအတွေ့အကြုံကောင်း ပေးနိုင်ဖို့ WWDC 2020 ပွဲ အစီအစဉ်တစ်လျှောက်လုံးကို အွန်လိုင်းတင်ဆက် ဆွေးနွေးမှုတွေနဲ့ အစီအစဉ်နဲ့ ကျင်းပဖို့ စီစဉ်ထားပါတယ်။" လို့ Apple ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ပိုင်း အကြီးတန်း ဒုဥက္ကဌ ဖီးလ်ရှီလာက ဆိုပါတယ်။ Apple ဟာ နိုင်ငံပေါင်း ၁၅၅ နိုင်ငံကျော်မှာ မှတ်ပုံတင် developers ပေါင်း ၂၃ သန်း ရှိနေပါတယ်။

ပွဲနဲ့ပတ်သက်ပြီး အချက်အလက် အသေးစိတ်အားလုံးကိုလည်း သီတင်းပတ်အနည်းငယ် ကြိုပြီး မျှဝေသွားမယ်လို့ ရှီလာက ပြောပါတယ်။ WWDC ပွဲကို ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို နဲ့ ဆန်ဟိုဆေးတိ့မှာ ကျင်းပနေကျဖြစ်ပြီး ပွဲအတွင်း လှုပ်ရှားမှုကို တစ်ကမ္ဘာလုံး သိရဖို့ တိုက်ရိုက် Livestream လွှင့်လေ့ရှိပါတယ်။

Apple ရဲ့ WWDC ကွန်ဖရင့်ကို ၁၉၈၇ ခုနှစ်က စတင် ကျင်းပခဲ့တာ ဖြစ်ပြီး အွန်လိုင်းပွဲအနေနဲ့ကတော့ ဒီနှစ်ဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ စက်တင်ဘာမှာ ကျင်းပတဲ့ iPhone ပွဲနဲ့ စာရင် WWDC ဟာ Hardware ထုတ်ကုန်ထက် ဆော့ဖ်ဝဲလ် update တွေကို ဦးစားပေး မိတ်ဆက်တဲ့ ပွဲ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ iOS14 နဲ့အတူ Mac နဲ့ iPad OS သစ်များလည်း မိတ်ဆက်သွားဖို့ ရှိပါတယ်။

Photo: BBC


WWDC 2020 ရဲ့ အွန်လိုင်းပွဲ့ပုံစံသစ်ကြောင့် ဝင်ငွေဆုံးရှုံးရတဲ့ ဆန်ဟိုဆေးက ကုမ္ပဏီတွေအတွက် Apple ဟာ ဒေါ်လာ ၁ သန်း (ပေါင် ၈ သိန်း) ပေးသွားမယ်လို့ ဆိုပါတယ်။ Apple ဟာ မတ်လကုန်မှာ မိတ်ဆက်သွားမယ့် iPhone SE 2 (iPhone 9) ပွဲကိုလည်း ရွှေ့ဆိုင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ကွန်ဖရင့်မှာ Apple ဟာ Mac Pro သစ်နဲ့ high-end Pro Display XDR monitor သစ်ကို မိတ်ဆက်သွားခဲ့ပါတယ်။

COVID-19 ဗိုင်းရပ်စ် စိုးရိမ်မှုကြောင့် ဒီနှစ်ထဲမှာ ကျင်းပဖို့ စီစဉ်ထားတဲ့နည်းပညာပြပွဲတော်တော်များများဟာ အွန်လိုင်းပွဲတွေအဖြစ် ကျင်းပလာနေပါတယ်။နာမည်ကြီး ဂိမ်းပြပွဲတစ်ခု ဖြစ်တဲ့ E3 ၊ Facebook F8 Developer Conference နဲ့ Google I/O ပွဲများ ဖျက်ခဲ့ရသလို Adobe Summit ၊ Google Cloud Next နဲ့ Microsoft Build Developer Conference ပွဲတွေကို အွန်လိုင်းပွဲအဖြစ်ပဲ ကျင်းပဖို့ စီစဉ်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က