• Featured

    မွေးနေ့အတွက် အလှူလုပ်ဖို့ ပြင်ဆင်နေတဲ့ ရွှေမှုံရတီ

ဒီနေ့မှာ လှူမယ်လို့ ဆိုပါတယ်။

ရွှေမှုံရတီ က မွေးနေ့အတွက် အလှူအတန်းတွေ လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီနေ့မှာ မွေးနေ့အကြိုအနေနဲ့ လှူဒါန်းဖို့အတွက် သူမကိုယ်တိုင် ထမင်းဟင်းတွေ ချက်နေသလို လှူဒါန်းဖို့ စားနပ်ရိက္ခာတွေလည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

image

သရုပ်ဆောင် ရွှေမှုံရတီ ကတော့ မေလ (၁၆) ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့အတွက် ဒီနေ့မှာ မွေးနေ့အကြို အလှူလုပ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ သူကိုယ်တိုင် ချက်ထားတဲ့ ထမင်း၊ ဟင်းတွေနဲ့ နောက်ထပ် စားနပ်ရိက္ခာတွေကို အလှူလုပ်သွားမယ်လို့ ဆိုပါတယ်။ 

“ အခု သဲ ဟင်းချက်နေပါတယ်၊ အလှူအတွက်ပါ။ သဲရဲ့ We Love လေးတွေကို သိစေချင်လို့ပါ။ သဲ အလှူက We Love လေးတွေရဲ့ အလှူနဲ့ အတူတူပါပဲ။ မွေးနေ့အတွက် တစ်ရက်အကြို လှူတာပေါ့နော်။ အခါတိုင်းလိုပဲ ကိုရွှေထူးက ကြက်သားနဲ့ အာလူးလေး ချက်ပြီး လှူပေးပါဆိုလို့။ မွေးနေ့အကြိုအလှူပါ။ ဒီနေ့ ကြက်သား အာလူးဟင်းရယ်၊ ထမင်းရယ် လှူပြီးသွားရင် သဲတို့ ထပ်လှူမှာက ဆန်(၂) ပြည်၊ ဆီ(၁ လီတာ)၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး၊ Ve Ve အချိုရည်တွေ၊ ပါလေရာ(ငါးမြှီးတံသွယ်ကြော်)ကို မှာပြီး လှူမှာပါ။ သွားရင်းလာရင်း လမ်းမှာ တွေ့တဲ့ သူတွေကိုတော့ ခေါက်ဆွဲဗူး လှူဖို့ စီစဉ်ထားပါတယ်” ဆိုပြီးတော့ မတ်လ (၁၅) ရက်နေ့ နေ့လယ် (၂) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ Live လွှင့်ရင်း ပြောပြခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် Live လွှင့်ပြီးတဲ့နောက်မှာ ရွှေမှုံက အဲဒီLive ကို ပြန်ဖျက်သွားခဲ့ပါတယ်။

Phto: Shwe Hmone Yati

ဘယ်နေရာမှာ သွားလှူမယ် ဆိုတာကိုတော့ရွှေမှုံရတီ က Live မှာ ပြောပြထားခြင်း မရှိပါဘူး။ သူမဟာ မွေးနေ့ ရောက်တိုင်း အမြဲတမ်း အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းလေ့ရှိသူပါ။ ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့ အတူတူ လမ်းဘေးခွေးလေးတွေကို မကြာခဏ အစာကျွေးတဲ့ အလှူလေးတွေလည်း ပြုလုပ်လေ့ရှိ ပါတယ်။ ဒီနှစ်မွေးနေ့ကိုလည်း အလှူအတန်းတွေနဲ့ပဲ ဖြတ်သန်းမယ့် ရွှေမှုံဟာ နောက်နှစ်တွေမှာ ပရိသတ်တွေနဲ့အတူ ဖြတ်သန်းချင်တယ်ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

Phto: Shwe Hmone Yati

ရွှေမှုံရတီ ဟာ အနုပညာပျိုးခင်းကနေ စင်တင်ပေးလိုက်တဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမဟာ ထိပ်တန်းစာရင်းဝင် မင်းသမီးတစ်ဦးဖြစ်လို့နေပါပြီ။ ပရိသတ် အချစ်ကို ခိုင်ခိုင်မာမာ ရရှိထားသူဖြစ်သလို ကျရာ ဇာတ်ရုပ်မှာလည်း အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီး တစ်ယောက်ပါ။ သူမဟာ ခင်ပွန်းဖြစ်သူ အဆိုတော် ရွှေထူးနဲ့ ၂၀၁၈ ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂီတဘက်ကိုပါ ခြေလှမ်းလာပြီဖြစ်တဲ့ သူမဟာ ရွှေထူးနဲ့ အတူ သီချင်းတွေ ဆိုလာတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က