ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး ကလေးလေဆိပ်ကို ရက်အကန့်အသတ်မရှိ ယာယီပိတ်သွားမယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့လေဆိပ် ကို ဆင်းသက်ထွက်ခွာမယ့်လေယာဥ်အားလုံးကို ရက်အကန့်သတ်မရှိ ပိတ်မယ်လို့ Nice fare travel and tour ရဲ့ လှုမှုကွန်ယက်စာမျက်နှာမှာကြေညာထားတာတွေ့ရပါတယ်။
Biggboss travel amd tour ကလည်း လေယာဥ်လက်မှတ်ကြိုတင်၀ယ်ယူထားသူတွေကို ငွေပြန်လည်ပေးဆောင်သွားမယ်လို့ ကြေညာထားပါတယ်။
" လေဆိပ်ပိတ်တယ်လို့တော့ကြားတယ် ဒီနေ့စပိတ်မှာ ဘာကြောင့်ပိတ်တယ်ဆိုတာသေချာမသိရပါဘူး " လို့ ကလေးမြို့ဒေသခံတစ်ဦးဖြစ်တဲ့ ကိုစစ်နိုင်က ပြောပါတယ်။
ကလေး-မန္တလေး- ရန်ကုန် လေကြောင်းလိုင်းခရီးစဥ်တွေကို အောက်တိုဘာ ၂၇ ရက်က စပြီး ပြန်လည်ပြေးဆွဲနေတာဖြစ်ကာ မြန်မာ့လေကြောင်း(MNA)၊ Air KBZ ၊ Air Thanlwin လိုင်းတို့က ပြေးဆွဲနေတာလည်းဖြစ်ပါတယ်။
အခုကလေးလေဆိပ်ကို ရက်အကန့်သတ်မရှိပြန်ပိတ်ရတဲ့အကြောင်းရင်းကိုတော့ မသိရှိရသေးပါဘူး။
အလွတ်တန်းသတင်းထောက် ပိုင်ထက် ပေးပို့သော သတင်းဖြစ်ပါသည်။