• ကလေးသရုပ်ဆောင်အိဖြူစိုးနဲ့ အမှတ်တရတွေအကြောင်း ပြောပြလာတဲ့ ပိုးဖြူသဲ

ပရိသတ်အချစ်တွေ ရရှိထားကြတဲ့ ကလေးသရုပ်ဆောင်နှစ်ဦးပါ။

ကလေးသရုပ်ဆောင်တွေထဲမှာမှ ပီပြင်လှတဲ့သရုပ်ဆောင်ချက်တွေနဲ့ပရိသတ်အချစ်ကိုရရှိထားတဲ့ ကလေးသရုပ်ဆောင် အိဖြူစိုးနဲ့အမှတ်တရတွေအကြောင်ကို ကလေးသရုပ်ဆောင်တစ်ဦးဖြစ်ခဲ့တဲ့ ပိုးဖြူသဲက ပြောပြလာပါတယ်။ 

တစ်ချိန်ကသရုပ်ဆောင်ပီပြင်တဲ့ ကလေးသရုပ်ဆောင်များအဖြစ် ပရိသတ်ချစ်ခင် အသိအမှတ်ပြုခြင်း ခံခဲ့ရတဲ့ သူတို့နှစ်ဦးက အခုဆိုရင် အသက် ၃၀ ဝန်းကျင်ကို ရောက်ရှိလာကြပြီဖြစ်ကာ အိမ်ထောင်ကိုယ်စီကျနေကြပါပြီ။



image


Photo-Poe Phyu Thae FB

၁၉၉၈ခု နှစ်မှာစတင်ရင်းနှီးခဲ့ကြတဲ့ အကြောင်းတွေကို ကလေးသရုပ်ဆောင်ပိုးဖြူသဲကပြောပြလာပါတယ်။ 

"၁၉၉၈ ခုနှစ်လောက်မှ သရုပ်ဆောင် ပြိုင်ပွဲ တူတူပြိုင်ကြတယ်။ တူတူလည်းရွေးချယ်ခံရတယ် ပေါ့နော်။ အဲ့ဒီ့တုန်းက ကလေးသရုပ်ဆောင်တွေရွေးချယ်ပွဲမှာအိဖြူနဲ့က တူတူဆုံဖူးပြီးခင်ခဲ့ကြတယ်။ ပြီးတော့ "လက်တွဲစို့ " ဇာတ်ကားမှာ ၂၀၀၀ ခုနှစ်လောက်မှာ ပိုးက ဒွေးသမီး အိဖြူက မထက်ထက်မိုးဦး သမီးအနေနဲ့ တစ်ကားလုံး တူတူတွဲပြီး သရုပ်ဆောင်တယ်။ အဲ့ဒီ့တုန်းကလည်း ကလေးသရုပ်ဆောင်လိုတယ်ဆိုတော့ ပိုးနဲ့သူ့ကို ဦးခင်ဇော်က ရွေးချယ်ခဲ့ကြတာ။ နောက်ပိုင်းလဲဇာတ်ကားတွေကြော်ငြာတွေ တူတူတွဲပြီးသရုပ်ဆောင်ခဲ့တယ်။ ကလေးဘဝအမှတ်တရတွေကတော့အများကြီးပဲ။ ဇာတ်ကားတွေရိုက်ပြီးရင် မုန့်တွေစားကြတာ ။ အရမ်းပျော်ဖို့ကောင်းခဲ့တယ်"ဆိုပြီး အိဖြူစိုးနဲ့အမှတ်တရတွေအကြောင်းကို ပိုးဖြူသဲကပြောပြခဲ့ပါတယ်။ 

Photo-Ei Phyu Soe FB

၁၉၉၉ခု နှစ်မှာရုံတင်ပြသခဲ့တဲ့ "ရင်ထဲက ဆောင်းရာသီ "ဇာတ်ကားထဲမှာ ကလေးသရုပ်​ဆောင် အိဖြူစိုးနဲ့အတူ အကယ်ဒမီ ပွဲတက်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က အမှတ်တရလေးတွေကိုလည်းပြောပြခဲ့ပါသေးတယ်။ 

"အိဖြူအကယ်ဒမီရတာ ၂၀၀၀ခုနှစ်ပေါ့။ အဲ့ဒီ့ပွဲမှာ ကလေးသရုပ်ဆောင်တွေက နေရာသပ်သပ်ထိုင်ရတယ်။ အဲ့ဒီ့မှာလည်းအိဖြူနဲ့အတူ ဘေးချင်းကပ်ထိုင်ခဲ့တာ။ အကယ်ဒမီဆုကြော်ငြာတော့ သူ့လက်ကလေးကိုတောင်ကိုင်ထားပြီးရင်ခုန်ခဲ့ကြသေးတယ်။ ပြီးတော့သူက ခုံပေါ်တက်ပရိသတ်တွေကိုလက်ပြခဲ့တာ အဲ့ဒါလေးကိုတော့မှတ်မိနေသေးတယ်။ အရမ်းလည်းပျော်ဖို့ကောင်းတယ်။ အိဖြူကိုလည်းကလေးသရုပ်ဆောင်တော်တော်များများအားကျခဲ့ကြတယ်။သူကလည်း အဲ့ဒီ့ဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင်လိုလည်းဖြစ်တယ်၊ သရုပ်ဆောင်လည်းအရမ်းကောင်းတော့အကယ်ဒမီရသွားတာပေါ့နော်။ သူအကယ်ဒမီရတဲ့အတွက်သူ့လိုလည်းဖြစ်ချင်ခဲ့တယ်။ အဲ့ဒီ့နောက်ပိုင်းကြော်ငြာတွေတွဲရိုက်တယ်။ ဇာတ်ကားတွေလည်းရိုက်ခဲ့ကြပေမယ့် နောက်ပိုင်း အိဖြူနဲ့က ၇တန်း၈တန်းလောက်ရောက်တော့ မတွေ့ဖြစ်ကြတော့ဘူး" ဆိုပြီးအိဖြူစိုးအကယ်ဒမီရခဲ့တဲ့အမှတ်တရ​ေတွအကြောင်းကို ပြောပြခဲ့ပါတယ်။ 


Photo- Ei Phyu Soe FB

အနုပညာအလုပ်တွေနဲ့ကင်းဝေးသွားခဲ့ကြတဲ့သူတို့နှစ်ဦးက အွန်လိုင်းစာမျက်နှာပေါ်မှာ တွေ့ဖြစ်ကြတာကလွဲ ပြီး အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။

"အရင်တုန်းကတော့သူ့ကိုတွေ့တယ်။ အွန်လိုင်းပေါ်မှာလည်းသူငယ်ချင်းဖြစ်တယ်။ သူက ကလေးလေးလည်းရနေပြီ။ အခုနောက်ပိုင်းသူ့ Account လည်းရှာမတွေ့တော့ဘူးဆိုတော့ ပိုပြီးအဆက်အသွယ်ပြတ်သွားခဲ့တယ်။ သတိလည်းရတယ်။ တွေ့လည်းတွေ့ချင်ပါသေးတယ်" ဆိုတဲ့အကြောင်းကို သူငယ်ချင်းကိုသတိရတဲ့စိတ်နဲ့ပြောပြလာပါတယ်။ 

ကလေးသရုပ်ဆောင်အိဖြူစိုးဟာလည်း အနုပညာလောကနဲ့အဆက်အသွယ်ပြတ်တောက်နေပြီး လက်ရှိမှာတော့ သားလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ဦးလည်းဖြစ်နေပ​ါပြီ။




Photo-Poe Phyu Thae FB

ကလေးသရုပ်ဆောင်ပိုးဖြူသဲက ၁၉၉၈ခုနှစ်မှာ အနုပညာလောကထဲကိုရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီ့အချိန်ကာလက ကလေးသရုပ်ဆောင်ရွေးချယ်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ကလေးသရုပ်ဆောင်ရွေးချယ်ပွဲမှာ ကလေးအယောက် ၅၀၀ ထဲက နေ ၆ယောက်ကိုရွေးချယ်တဲ့အထဲ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ အဲဒီကနေ တဆင့် ၃၈ ဖြာမင်္ဂလာ၊ မြန်မာစာမြန်မာစကားတို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်း ၁၀၀ ကျော်တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူပါ။ ၉ တန်းလောက်အထိ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်ခဲ့ပြီး နောက်နှစ်အနည်းငယ်အထိ အနုပညာအလုပ် အနည်းငယ် ဆက်လက်လုပ်ကိုင်ခဲ့သေးသော်လည်း ၂၀၁၁ခုနှစ်လောက်ကစကာ လုံးဝဝေးကွာသွားခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က