မေဂျာလိဂ်မှာ ရှိပြီးသားအသင်းကို ဝယ်ယူခဲ့တာ မဟုတ်ပဲ အသင်းသစ် တစ်သင်းကို တည်ထောင်ပြီး နာမည်ပေးကာ လာမယ့် ၂၀၂၀ မှစပြီး မေဂျာလိဂ်မှာ ဝင်ရောက်ကစားမှာ ဖြစ်ပါတယ်။
ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ် ဘက်ခမ်းအနေနဲ့ အမေရိကန်နိုင်က မေဂျာလိဂ်မှာ ဘောလုံးအသင်းတစ်သင်း ကိုယ်ပိုင်တည်ထောင်ပြီး က လပ်အသင်း ပိုင်ရှင်အဖြစ်နဲ့ စတင်တော့မှာပါ။
တီဗီထဲမှာပဲ မြင်ဖူးတဲ့ မန်ယူနဲ့အာဆင်နယ် ကစားသမားတွေ မြန်မာနိုင်ငံကို လာမယ်ဆိုတာ သိပြီးပြီလား?
သူပိုင်ဆိုင်တဲ့ အသင်းကတော့ အင်တာမီယာမီလို့ အမည်ရပြီး ဒီအသင်းရဲ့ အမှတ်တံဆိပ်ကို အခုအခါမှာတော့ ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်ပါ တယ်။
Photo - ESPN.com
ဒီအမှတ်တံဆိပ်မှာတော့ ပန်းရောင်၊အဖြူနဲ့အနက်ရောင်တို့ ပါဝင်နေပြီး ငဟစ်ငှက်လို့ အမည်တွင်တဲ့ ငှက်နှစ်ကောင်ကို ထည့်သွင်း ပုံဖော်ထား တာလည်း မြင်ရမှာပါ။
အဲ့နောက် နေမင်းပုံကိုမြင်တွေ့ရမှာ ဖြစ်ပြီး နေမင်းကနေ ဖြာထွက်လာတဲ့အလင်းတန်း ၇ ခုကတော့ ဒေးဗစ်ဘက်ခမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်းထားတာလို့လည်းသိရပါတယ်။
Photo - TheWorld News Online
" ဒီကနေ့က ကျွန်တော့်ဘဝအတွက် ဂုဏ်အယူရဆုံး နေ့တစ်နေ့ပါပဲ။" လို့ အသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက ဆိုပါတယ်။
ဘက်ခမ်းဟာ ကစားသမားဘဝမှာ မန်ယူ၊ရီးရဲ၊ပီအက်စ်ဂျီနဲ့ အေစီမီလန် စတဲ့ ကလပ်အသင်းကြီးတွေမှာ ကျင်လည်ခဲ့သလို အမေရိကန် မေဂျာလိဂ် ကလပ် LA ဂလက်ဆီအသင်းမှာလည်း ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။
"ကျွန်တော်တို့ အသင်းနဲ့ ပရိသတ်တွေအနေနဲ့ အခုကစပြီး ကမ္ဘာကို ကျွန်တော်တို့ ဘယ်သူတွေ ဆိုတာ ပြသပါတော့မယ်။ကျွန်တော်တို့ အိပ် မက်တွေကို အကောင်အထည်ဖော်ကြပါစို့။" လို့ ဘက်ခမ်းက ဆက်လက်ပြောခဲ့ပါတယ်။
အခုတည်ထောင်လိုက်တဲ့ ဘက်ခမ်းရဲ့ အင်တာမီယာမီအသင်းကတော့ ၂၀၂၀ ခုနှစ်မှသာ မေဂျာလိဂ်မှာ စတင်ပါဝင်ကစားမှာဖြစ်ပြီး အသင်းနဲ့ သက်ဆိုင်တဲ့ အရေးကြီး စာချုပ်ချုပ်ဆိုမှုတွေ များစွာ စတင်လုပ်ဆောင်သွားတော့မှာလည်း ဖြစ်ပါတယ်။
ဘက်ခမ်းဟာ မကြာသေးခင်ကလည်း ယူအီးအက်ဖ်အေက ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် ဘွဲ့ကို ရရှိထားသူ တစ်ယောက်ဖြစ်သလို ကစားသမားဘဝမှာလည်း အောင်မြင်မှုတွေ များစွာ ရယူနိုင်ခဲ့ပါတယ်။
Share