• ကစားရခက်တဲ့လက်စတာနဲ့ပွဲမတိုင်ခင် ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အာတီတာအတည်ပြု

လက်စတာနဲ့ပွဲမတိုင်ခင် အာဆင်နယ်တို့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ။

အာဆင်နယ်နည်းပြ အာတီတာက မနက်ဖြန်မှာ ကစားမယ့် လက်စတာနဲ့ပွဲအတွက် အသင်းမှာရှိတဲ့ ကစားသမားတွေ လေ့ကျင့်ခန်းမဆင်းနိုင်ဖြစ်နေတယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ လက်စတာကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲတွေထဲမှာ အစောဆုံးကစားမယ့် ပွဲစဥ်တစ်ပွဲဖြစ်လာမှာပါ။

image

အာဆင်နယ်ဟာ ကြားရက်က လိဒ်စ်နဲ့ ကစားခဲ့တဲ့ ကာရာဘောင်ဖလား ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဥ်မှာ ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ပါဝင်ကစားခဲ့တဲ့ နောက်ခံလူ ဘန်ဝှိုက်ကို ပွဲကစားချိန် (၅၅) မိနစ်မှာ လူစားလဲခဲ့ရပြီး ကစားသမားအနေနဲ့ လက်ရှိအချိန်ထိ အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

image

အာတီတာက “ကစားသမားတွေထဲက အချို့ လေ့ကျင့်ခန်း မဆင်းနိုင်ကြသေးပါဘူး။ လိဒ်စ်နဲ့ပွဲမှာ ဒဏ်ရာပြဿနာအချို့နဲ့ ရင်ဆိုင်ခဲ့ရပြီး ဒီနေ့အတွင်း သတင်းကောင်းကြားရဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဘန်ဝှိုက်ကတော့ ဖျားနာနေပုံရပြီး အခြားသော ကစားသမားတွေဖြစ်တဲ့ တီယာနေးနဲ့ အိုဒီဂတ်တို့ရဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း အာတီတာက အခုလိုပြောကြားခဲ့ပါသေးတယ်။

အာတီတာက “တီယာနေးက လေ့ကျင့်ခန်းဆင်းနေပါတယ်။ သူ ဒီနေ့ ဘယ်လိုအခြေအနေရှိမလဲ ကြည့်ကြတာပေါ့။ အရင်ရက်ပိုင်းတွေထက်တောင် သူတော်တော်လေး ပိုကောင်းလာပါပြီ။ ဒါပေမယ့် ရာနှုန်းပြည့်တော့ မဟုတ်သေးပါဘူး။ အိုဒီဂတ်ကလည်း လေ့ကျင့်ခန်း ပြန်မဆင်းနိုင်သေးပါဘူး။ သူက ရာသီကြိုမှာလည်း ဒဏ်ရာရခဲ့ပြီး အခုမကြာခင်ကလည်း ဒဏ်ရာထပ်ရထားပါသေးတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဂါဘရီရယ်လည်း ဖျားနာနေတယ်လို့ သိရှိရပါတယ်။ အာဆင်နယ်ဟာ မန်စီးတီးကို ၅-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၈) ပွဲဆက်တိုက်မှာ ရှုံးပွဲမရှိခဲ့ဘဲ အခု ကစားရခက်တဲ့ လက်စတာအိမ်ကွင်းမှာရော အကောင်းဆုံးပုံစံပြသနိုင်ဦးမလား စောင့်ကြည့်ရတော့မှာပါ။ 

Share

Loading Next Article...
က္က