• လိုင်လီက ခြိမ်းခြောက်လိုက်လို့ ယူနိုက်တက်ကိုပဲ ပြောင်းသွားခဲ့ရတဲ့ ကြယ်ပွင့်နောက်ခံလူ

ကစားခွင့်မပေးဘူးလို့ ခြိမ်းခြောက်ခဲ့တာပါ။

လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်တို့ အသစ်ခေါ်ယူထားတဲ့ ဗဟိုနောက်ခံလူ လီနိုင် ယိုရိုက အသင်းဟောင်းရဲ့ ခြိမ်းခြောက်မှုကြောင့် ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒီကစားသမားအတွက် ယူနိုက်တက်တို့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၆၀) အထိ ပေးခဲ့ရတာပါ။

image

အသက် (၁၈) နှစ်အရွယ် ဒီကစားသမားဟာ လိုင်လီနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမားပါ။ သူ့ကို ခေါ်ယူဖို့ ရီးရဲလ်ကလည်း ကြိုးပမ်းခဲ့ပြီး ကစားသမားကိုယ်တိုင်ကလည်း ရီးရဲလ်ကို ပြောင်းရွှေ့ဖို့အတွက်ပဲ စိတ်အားထက်သန်ခဲ့တာပါ။

image

ဒါပေမယ့် ရီးရဲလ်ဘက်က ပြောင်းရွှေ့ကြေးကို ယူရိုသန်း (၃၀) ထက် ပိုမပေးခဲ့ဘဲ ပီအက်စ်ဂျီကလည်း ယူရို (၄၅) သန်းထက် ပိုမပေးခဲ့ပါဘူး။ ဒီအခြေအနေမှာ ယူနိုက်တက်ဘက်က လိုင်လီတို့ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေခဲ့တာကြောင့် လိုင်လီဘက်က ယိုရိုကို အသင်းပြောင်းဖို့ ဖိအားပေးခဲ့တာပါ။

ရီးရဲလ်ဘက်က ယိုရိုကို လာမယ့်နွေရာသီမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ရည်ရွယ်ခဲ့ပေမယ့် ကစားသမားက ယူနိုက်တက်ကို ရွေးချယ်သွားတဲ့အပေါ် စိတ်ပျက်ခဲ့ရကြောင်းလည်း သိရပါတယ်။ မာကာသတင်းစာရဲ့ ဖော်ပြချက်အရတော့ လိုင်လီဘက်က ယိုရိုကို ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်မခံဘူးဆိုရင် လာမယ့်တစ်ရာသီလုံး ကစားခွင့် မပေးဘူးလို့ ခြိမ်းခြောက်ခဲ့ပါတယ်။

လိုင်လီအနေနဲ့လည်း ယိုရိုကို လာမယ့်နွေရာသီမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ချင်တာကြောင့် အခုလိုမျိုး ဖိအားပေးခဲ့တာပါ။ အဲ့ဒါကြောင့်လည်း နောက်ဆုံးမှာတော့ ယိုရိုက ယူနိုက်တက်ကိုသာ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က