• အပြောင်းအရွှေ့မှာ ရီးရဲလ်ကိုရော၊ ပီအက်စ်ဂျီကိုရော တစ်ကွက်ပြလိုက်တဲ့ ယူနိုက်တက်

ပြောင်းရွှေ့ကြေးပိုပေးပြီး ခေါ်ခဲ့ရတာပါ။

ယူနိုက်တက်ကတော့ လိုင်လီနောက်ခံလူ ဒီနိုင်းယိုရိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက် (၁၈) နှစ်အရွယ် အဆိုပါ နောက်ခံလူအတွက် ယူနိုက်တက်တို့ ယူရိုသန်း (၆၀) အထိ ပေးချေခဲ့ရတာပါ။

image

ဒါ့အပြင် အပိုဆုကြေး ယူရို (၁၂) သန်းလည်း ပါဝင်ခဲ့ပြီး ယိုရိုက ဒီနေ့မှာပဲ အသင်းရဲ့ ကစားသမားဖြစ်လာတော့မှာပါ။ ယူနိုက်တက်ဟာ အဆိုပါ နောက်ခံလူကို ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီတို့နဲ့ အပြိုင်အဆိုင် ခေါ်ယူခဲ့ရတာလည်း ဖြစ်ပါတယ်။

image

ယိုရိုအတွက် ရီးရဲလ်က ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀)၊ ပီအက်စ်ဂျီက ပြောင်းရွှေ့ကြေး ယူရို (၄၅) သန်းအထိသာ ပေးဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် ယူနိုက်တက်ဘက်က ပြောင်းရွှေ့ကြေးပိုပေးခဲ့တာကြောင့် ကစားသမားကို အသင်းပြောင်းဖို့ လိုင်လီဘက်ကလည်း ဖိအားပေးခဲ့ပါတယ်။

ယိုရိုဟာ ရီးရဲလ်ကို ပြောင်းရွှေ့ဖို့အတွက်သာ စိတ်အားထက်သန်ခဲ့ပေမယ့် သူ့ရဲ့ အေးဂျင့်အဖွဲ့ဝင်တွေနဲ့ လိုင်လီဘက်က ယိုရိုကို ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ဖို့ တွန်းအားပေးခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ယိုရိုတစ်ယောက် ယူနိုက်တက်ကို ရောက်လာခဲ့ပြီး ပရိသတ်တွေကတော့ အသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုအပေါ် ကျေနပ်အားရနေကြပါတယ်။

Share

Loading Next Article...
က္က