• လိုင်လီနဲ့ပွဲမတိုင်ခင်ပြင်သစ်မြေမှာ မျက်ရည်ယိုဗုံးနဲ့အကျွေးခံလိုက်ရသေးတဲ့ ချဲလ်ဆီးပရိသတ်များ

လိုင်လီနဲ့ပွဲမတိုင်ခင်မှာ ချဲလ်ဆီးပရိသတ်တွေ မူးရူးသောင်းကျန်းခဲ့တာပါ။

ချဲလ်ဆီးပရိသတ်တွေဟာ လိုင်လီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲမတိုင်ခင် ကွင်းအပြင်ဘက်မှာ လုံခြုံရေးတွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။ ချဲလ်ဆီးပရိသတ်တွေဟာ လိုင်လီဘားအပြင်မှာနေရာယူထားတဲ့ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေကို ပုလင်းတွေနဲ့ စတင်ပစ်ပေါက်ခဲ့ရာကနေ ပြဿနာစခဲ့တယ်လို့ ဆိုပါတယ်။

image

အဲ့ဒီနောက်မှာတော့ အဆိုပါရဲတပ်ဖွဲ့က ချဲလ်ဆီးပရိသတ်တွေကို လူစုခွဲဖို့ ကြိုးစားခဲ့ပြီး မျက်ရည်ယိုဗုံးပါ အသုံးပြုခဲ့တယ်လို့ သိရှိရပါတယ်။ ချဲလ်ဆီးပရိသတ်တွေဟာ လိုင်လီနဲ့ ကစားမယ့် ပွဲမတိုင်ခင် မနက် (၃) နာရီတည်းက သောက်စားပျော်ပါးနေကြတယ်လို့လည်း သိရှိရပါတယ်။ ဒါ့အပြင် မျက်ရည်ယိုဗုံးနဲ့ ဖြိုခွဲမခံရခင်မှာ ချဲလ်ဆီးပရိသတ်တွေက ရုရှားသူဌေးပိုင်ရှင် အေဘရာမိုဗစ်ချ် နာမည်ကို သီချင်းလုပ် သီဆိုနေခဲ့ပါသေးတယ်။

image

ချဲလ်ဆီးပရိသတ်တွေဟာ အေဘရာမိုဗစ်ချ်အပေါ် ဗြိတိန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေက ချဲလ်ဆီးအသင်းကို ထိခိုက်စေတဲ့အပေါ် မကျေမနပ်ဖြစ်နေကြပါတယ်။ ပရီးမီးယားလိဂ်ပွဲစဥ်တွေမစခင် ယူကရိန်းပြည်သူတွေနဲ့ တသားတည်းရှိကြောင်း ပြသနေချိန်မှာလည်း ချဲလ်ဆီးပရိသတ်တွေက အေဘရာမိုဗစ်ချ်နာမည်ကို အော်ဟစ်သီဆိုနေလေ့ရှိပါတယ်။

ဒီအပြုအမူကို ချဲလ်ဆီးနည်းပြ တူဟယ်လ်ကိုယ်တိုင်က ဆန့်ကျင်ထားပြီး ဗြိတိန်အာဏာပိုင်တွေနဲ့ ချဲလ်ဆီးပရိသတ်အဖွဲ့အစည်းတွေဘက်ကလည်း ချဲလ်ဆီးပရိသတ်တွေကို ဒီလိုမျိုး အေဘရာမိုဗစ်ချ်နာမည်ကို အော်ဟစ်သီဆိုခြင်းမပြုဖို့ တားမြစ်ခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးပရိသတ်တွေကတော့ ပြဿနာရှာနေဆဲဖြစ်ပြီး မနေ့ကဖြစ်ရပ်မှာလည်း ပရိသတ်ခေါင်းဆောင်အချို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဒီပရိသတ်တွေဟာ အရက်မူးနေကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြဿနာရှာနေတာကြောင့် အခုလိုပဲ ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်တယ်လို့ သတင်းအချို့ကဆိုပါတယ်။ အင်္ဂလန်ပရိသတ်တွေဟာ ဥရောပအဝေးကွင်းပွဲစဥ်တွေ သွားရောက်ကြည့်ရှုတိုင်း အလားတူ ပြဿနာမျိုးနဲ့ တနှစ်နဲ့တနှစ်မရိုးရအောင် ရင်ဆိုင်ရလေ့ရှိနေတာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က