• Featured

    လက်စတာကို ဘယ်လိုအနိုင်ကန်ရလဲ ယူနိုက်တက်ကို ပြသွားတဲ့ အာဆင်နယ်

အဝေးကွင်းမှာ အနိုင်ယူခဲ့တာပါ။

နောက်ဆုံးပွဲတွေမှာ တစ်ပွဲကို အနည်းဆုံး ၂ဂိုးနှုန်းသွင်းယူနေတဲ့ အာဆင်နယ်တိုက်စစ်က အလုပ်ဖြစ်နေခဲ့ပြီး လက်စတာတို့ မထိန်းနိုင်ခဲ့ပါဘူး။ အာဆင်နယ်အတွက် တိုက်စစ်မှူးတွေမဟုတ်ဘဲ ကွင်းလယ်နဲ့ နောက်ခံလူတွေ ဂိုးသွင်းခြေတွေ့နေတာကလည်း ချီးကျူးစရာပါ။ 


စနေနေ့ရဲ့ အစောဆုံးပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ လက်စတာနဲ့ အာဆင်နယ်ပွဲကတော့ အကြိတ်အနယ်ရှိခဲ့ပါတယ်။ ဂိုးတွေစောစောစီးစီးရခဲ့တဲ့ အာဆင်နယ်တို့ အဝေးကွင်းမှာ သက်တောင့်သက်သာနဲ့ ကစားနိုင်ခဲ့ပြီး လက်စတာက ချေပဂိုးရဖို့အားထုတ်မှုတွေကလည်း ဂိုးသမားရမ့်ဒေးစ်ရဲ့ လက်စွမ်းပြမှုတွေကြောင့် နစ်နာခဲ့ရတာပါ။ 

image

ပွဲအစ ၅ မိနစ်မှာကတည်းက ထောင့်ကန်ဘောကတဆင့် ဂါဘရီယယ်က ခေါင်းတိုက်သွင်းပြီး အဖွင့်ဂိုးရယူခဲ့သလို ၁၈ မိနစ်မှာ ခြေစွမ်းပြနေတဲ့ စမစ်ရိုးက နောက်ထပ်တစ်ဂိုးကို အပိုင်ကန်သွင်းယူပေးခဲ့တာပါ။ နောက်ဆုံးပွဲတွေမှာ တစ်ပွဲကို အနည်းဆုံး ၂ဂိုးနှုန်းသွင်းယူနေတဲ့ အာဆင်နယ်တိုက်စစ်က အလုပ်ဖြစ်နေခဲ့ပြီး လက်စတာတို့ မထိန်းနိုင်ခဲ့ပါဘူး။ အာဆင်နယ်အတွက် တိုက်စစ်မှူးတွေမဟုတ်ဘဲ ကွင်းလယ်နဲ့ နောက်ခံလူတွေ ဂိုးသွင်းခြေတွေ့နေတာကလည်း ချီးကျူးစရာပါ။ 

ဂိုးရပြီးနောက်မှာ အာဆင်နယ်က ပွဲကို အကောင်းဆုံးထိန်းကစားဖို့ကို ဦးတည်ခဲ့ပြီး လက်စတာကတော့ ချေပဂိုးတွေရဖို့ အားထုတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်နဲ့တွေ့တိုင်း ဂိုးမြူးလေ့ရှိတဲ့ ဗာဒီ ဂိုးပေါက်ပျောက်နေခဲ့သလို အာဆင်နယ်ဂိုးသမားရမ့်ဒေးလ်ရဲ့ လက်စွမ်းကလည်း ကြောက်ခမန်းလိလိကောင်းမွန်နေခဲ့လို့ ဘရန်ဒန်ရော်ဂျာရဲ့အသင်း အိမ်ကွင်းမှာ သိက္ခာဆယ်ဂိုးတစ်ဂိုးရဖို့တောင် မစွမ်းသာနိုင်ခဲ့ပါဘူး။ 

ဆက်တိုက်နိုင်ပွဲရနေတဲ့ အာဆင်နယ်တို့ ခက်ခဲတဲ့ပွဲတစ်ပွဲကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အထူးသဖြင့် လက်စတာလို ပွဲတိုင်းနီးပါးဂိုးရနေတဲ့အသင်းကို ဂိုးမပေးရအောင် ကစားနိုင်ခဲ့တာကို အသိအမှတ်ပြုရမှာပါ။ ရာထူးကထုတ်ပယ်ခံရဖို့အထိ နီးစပ်ခဲ့တဲ့ အာတီတာက အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးနိုင်ခဲ့ပြီး ဒီနိုင်ပွဲနဲ့အတူ အဆင့် ၅ နေရာအထိကိုပါ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ 

၂-၀ နဲ့ အာဆင်နယ်တို့ အနိုင်ရရှိခဲ့ပြီး ဗီချိုင်းရဲ့ အောက်မေ့ဖွယ်နှစ်ပတ်လည်အချိန်အခါမှာ လက်စတာတို့ ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတာလည်းဖြစ်ခဲ့ပါတယ်။ 


Share

Loading Next Article...
က္က