• လက်ရှိအချိန်မှာ ဆာလာက ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတာကို အွန်နရီလက်မခံနိုင်

ဆာလာထက် ပိုကောင်းတဲ့ ကစားသမားရှိသေးတယ်လို့ အွန်နရီက ယုံကြည်နေတာပါ။

အာဆင်နယ်နဲ့ပြင်သစ်တို့ရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး အွန်နရီက ဆာလာကို လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်တယ်ဆိုတဲ့ ကာရေဂါရဲ့ပြောစကားကို တုံ့ပြန်ပြောဆိုလာခဲ့ပါတယ်။

image

ဆာလာဟာ လီဗာပူးအတွက် နောက်ဆုံး (၉) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး မန်စီးတီး၊ ဝက်ဖို့ဒ်တို့နဲ့ ပွဲတွေမှာ သွင်းယူခဲ့တဲ့ သူ့ရဲ့ တစ်ကိုယ်တော်သွင်းဂိုးတွေကြောင့်လည်း ဆာလာက လတ်တလော ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် တော်တော်များများက ချီးကျူးနေတာပါ။

image

ဆာလာအနေနဲ့ ဒီရာသီ လီဗာပူးအတွက် ပြိုင်ပွဲစုံ (၁၁) ပွဲမှာလည်း (၁၂) ဂိုးအထိ သွင်းယူပေးထားနိုင်ပြီး ကာရေဂါက ဆာလာဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့် အွန်နရီကတော့ ကာရေဂါရဲ့ ပြောကြားမှုကို လက်မခံဘဲ အခုလိုပဲ ငြင်းဆန်ခဲ့ပါတယ်။

အွန်နရီက “ဆာလာက အခုထိ ကမ္ဘာ့အကောင်းဆုံး ကစားသမားမဟုတ်သေးပါဘူး။ သူ လတ်တလော ဂိုးတွေသွင်းနေတာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ လီဝန်ဒေါစကီးကို ဘယ်လိုမေ့ရက်နိုင်တာလဲ? ဘန်ဇီမာကိုရော ဘာလို့မေ့ထားတာလဲ? သူတို့ နိုင်ငံအသင်းမှာ ဘာတွေလုပ်နေလဲဆိုတာကို ခင်ဗျားတို့ မေ့ထားတာလား?”

“အခုချိန်မှာ ဆာလာက အီဂျစ်နဲ့ အဆင်မပြေသေးပါဘူး။ ဒါက မလွယ်ကူတဲ့ကိစ္စပါ။ သူ သွင်းထားတဲ့ဂိုးတွေက ကောင်းပါတယ်။ ကျွန်တော်လည်း ဆာလာကို ချစ်ခင်သဘောကျပါတယ်။ ဒါပေမယ့် သူက အခုထိတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားမဟုတ်သေးပါဘူး”

“သူက လတ်တလော ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားလား? ဒါပေမယ့် တခြားလိဂ်တွေနဲ့ပါ ကြည့်လိုက်ရင်တော့ သူက ဘန်ဇီမာကို ကျော်နိုင်ဖို့ မဖြစ်သေးပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။ ဆာလာက ရော်နယ်ဒို၊ မက်ဆီတို့ထက် ပိုကောင်းနေပြီလို့ အများစုကဆိုနေပေမယ့် အွန်နရီကတော့ ထူးထူးဆန်းဆန်းနဲ့ပဲ လီဝန်ဒေါစကီး၊ ဘန်ဇီမာတို့က ဆာလာတို့ထက် ပိုကောင်းနေတယ်လို့ ယူဆနေတာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က