• လီဗာပူး - ချဲလ်ဆီး ထိပ်တိုက်တွေ့ဆုံနေတဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်များထွက်ပေါ်

စက်တင်ဘာလ ၂၄ ရက်နေ့မှာ ကစားမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းက ၈ ကြိမ်ချန်ပီယံ ဖြစ်ထားဖူးပြီး ချဲလ်ဆီးအသင်းကတော့ ၅ ကြိမ်ချန်ပီယံ ဖြစ်ထားဖူးကာ လီဗာပူးအသင်းက ဒီတစ်ကြိမ်မှာ အိမ်ကွင်းလက်ခံ ကစားရမှာ ဖြစ်ပါတယ်။

image

Photo - polscy-bukmacherzy.pl

အင်္ဂလန် EFL ဖလား ပြိုင်ပွဲဖြစ်တဲ့ ကာရာဘောင်ဖလား ပြိုင်ပွဲကတော့တတိယအဆင့်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ကာ ဒီအဆင့်မှာတော့ အသင်း ကြီးတွေ အားလုံး ပါဝင်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

ရော်နယ်ဒို နဲ့ ဆာလာကို ကျော်ဖြတ်ပြီး UEFA အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ မိုဒရစ် 

နှစ်သင်းပေါင်း ဒီဆုဖလားကို ၁၃ ကြိမ်ရယူထားတဲ့ လီဗာပူးနဲ့ ချဲလ်ဆီးတို့ကတော့ ထိပ်တိုက်တွေ့ဆုံနေပြီး လီဗာပူးအသင်းက အိမ်ကွင်းဧည့်ခံ ကစားရမှာပါ။

 

လက်ရှိချန်ပီယံ မန်စီးတီးက လိဂ်ဝမ်းကလပ်အသင်းဖြစ်တဲ့ အောက်စ်ဖို့ဒ်ယူနိုကတက်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ လန်ဒန်ကလပ် ဘရန့်ဖို့ဒ်အသင်းနဲ့လည်းကောင်း၊စပါးအသင်းက ဝက်ဖို့ဒ်အသင်းနဲ့လည်းကောင်း အသီးသီး တွေ့ဆုံနေပါတယ်။

မန်ယူအသင်းကတော့ ချဲလ်ဆီးကစားသမားဟောင်း လမ်းပတ်တာဝန်ယူကိုင်တွယ်နေတဲ့ ဒါဘီအသင်းနဲ့ ကစားရမှာဖြစ်ပြီး ဒီအဆင့်မှာ ဆီဒင် အဆင့်အနိမ့်ဆုံးအသင်းလို့ဆိုရမယ့် မက်လက်စ်ဖီးလ်အသင်းက ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းကစားရမှာပါ။

Photo - myliverpool.ru

 

ဒီပွဲစဉ်တွေကိုတော့ လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ကစားသွားမှာ ဖြစ်ပြီး တစ်ကျော့တည်းကစားမှာ ဖြစ်ပါတယ်။

တစ်ပွဲကို မိနစ် ၉၀ သာ ကစားမှာ ဖြစ်ပြီး အချိန်ပြည့်လို့ သရေကျနေပါက ပင်နယ်တီ အဆုံးအဖြတ်နဲ့ ဆုံးဖြတ်ပြီး နောက်တစ်ဆင့်ကို တက် ရောက်ခွင့်ရမှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က