• လီဗာပူးပရိသတ်တွေကြောင့် သီးသန့်နှုတ်ဆက်ပွဲမှာ ငိုကြွေးခဲ့ရတဲ့ ကလော့ပ်

ကလော့ပ်က နောက်ဆုံးအကြိမ်အဖြစ် လီဗာပူးပရိသတ်တွေကို နှုတ်ဆက်ခဲ့တာပါ။

လီဗာပူးနည်းပြဟောင်းကြီး ကလော့ပ်ဟာ လီဗာပူးနဲ့ နောက်ဆုံးအကြိမ် နှုတ်ဆက်ပွဲအဖြစ် အခမ်းအနားနဲ့ ကျင်းပသွားခဲ့ပါတယ်။ ဒီပွဲကို လက်မှတ်နဲ့ ရောင်းချခဲ့တာဖြစ်ပြီး ပွဲကို လာရောက်တဲ့ ပရိသတ်တွေက သူ့နာမည်ကို သံပြိုင်အော်ဟစ်ခဲ့တာကြောင့် ကလော့ပ်တစ်ယောက် စင်ပေါ်မှာ မျက်ရည်ကျခဲ့ရပါတယ်။

image

ကလော့ပ်ဟာ လီဗာပူးကို (၉) နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ နည်းပြတစ်ယောက်ပါ။ အသင်းကို သူကိုင်တွယ်ခဲ့တဲ့ ကာလအတွင်း လီဗာပူးတို့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် အဓိကဆုဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

image

ဂျာမနီလူမျိုးနည်းပြကြီးကတော့ သူ့ဇနီးသည်နဲ့အတူ အားလပ်ရက် အနားယူနေရင်း လီဗာပူးဆီ တစ်ခေါက် ပြန်လာခဲ့တာပါ။ နှုတ်ဆက်ပွဲမကျင်းပခင် တစ်ညအလိုမှာ ကလော့ပ်က သူ့ဇနီးသည်နဲ့အတူ သီးသန့်ဂျက်လေယာဉ်နဲ့ လီဗာပူးကို ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။

အဆိုပါနှုတ်ဆက်ပွဲကို Host အဖြစ် ဘစ်ရှော့ပ်က ဆောင်ရွက်ခဲ့တာပါ။ ဒီပွဲမှာ ကလော့ပ်က လီဗာပူးပရိသတ်တွေဆီက အသံတွေကို ကြားရတဲ့အချိန်မှာတော့ စိတ်မထိန်းနိုင်ဘဲ ငိုကြွေးခဲ့တာဖြစ်ပါတယ်။ ကလော့ပ်က လက်ရှိအချိန်မှာ အသင်းသစ် ရှာဖွေဦးမှာမဟုတ်ဘဲ အနားယူဦးမှာပါ။

လီဗာပူးကို ပြောင်းရွှေ့ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့လည်း “ကျွန်တော့် ဇနီးသည် အူလာနဲ့ လက်ထပ်ပြီးတဲ့နောက် လီဗာပူးကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာက အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ” လို့ ပြောကြားသွားခဲ့ပါသေးတယ်။ လီဗာပူးကတော့ ကလော့ပ်နေရာအတွက် ဖီယင်နုနည်းပြ အာနေးစလော့ကို ခန့်အပ်သွားမှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က