• LOL နာမည်နဲ့ဟာသလိုင်း ထောင်သွားမယ့် Facebook

ဟာသတွေ လုပ်တော့မယ်

ဆယ်ကျော်သက် လူငယ်တွေအတွက် gif ဖိုင်နဲ့ရယ်စရာ ဟာသတစ်လိုင်းကို Facebook ဟာ စတင်လမ်းဖောက်နေပြီ ဖြစ်ပါတယ်။

image

         LOL လို့နာမည်ပေးထားတဲ့ ဒီ content ထဲမှာ For You ၊ Animals ၊ Fails ၊ Pranks နဲ့တစ်ခြား လူကြိုက်များတဲ့ meme pages တွေဆီက content လိုမျိုး category အစုံ ပါဝင်မယ်လို့ဆိုပါတယ်။ လေလောဆယ် LOL ကို အထက်တန်းကျောင်းသား ၁၀၀ ခန့်နဲ့Facebook ဝန်ထမ်းများအကြားပဲ beta ဗားရှင်းအနေနဲ့စမ်းသပ်နေတယ်လို့လည်း Tech Crunch က ဖော်ပြထားပါတယ်။ ကျောင်းသားတွေကတော့ groups ကလွဲပြီး အပြင်မှာ မတင်ကြောင်း မိဘတွေဆီက သဘောတူညီချက်နဲ့လက်မှတ်ထိုးပြီး စမ်းသပ်အသုံးပြုတာပါ

         လူငယ်အကြိုက် products တွေကို ဦးတည်လာနေတဲ့ Facebook ဟာ LOL ဆိုတဲ့ နာမည်အတိုင်း ဟာသတစ်လိုင်းကို သွားမယ့် contents တွေ တင်သွားမယ်လို့ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဥိးက အတည်ပြုပြောထားပါတယ်။

         "ကျွန်တော်တို့စမ်းသပ်မှုလေးတွေ လုပ်နေပါတယ်။ concept သဘောကတော့ အခုကိုပဲ ကနဦးအဆင့်မှာ ရှိနေပြီ ဖြစ်ပါတယ်။ " လို့ထုတ်ပြန်ထားပါတယ်။ Facebook ဟာ သူနဲ့အပြိုင် ဆယ်ကျော်သက်တွေ အသုံးများတဲ့ SnapChat မှာ ပါတဲ့ နာမည်ကြီး features တစ်ချို့ကိုလည်း ပုံတူကူးပြီး ပြန်သုံးတာတွေ ရှိပါတယ်။ Snapchat မှာ ၂၄ နာရီခံတဲ့ ပုံနဲ့video တွေ ပြန် share တဲ့ feature ကို မိတ်ဆက်ပြီးနောက် Facebook မှလည်း Stories ကို ဖြန့်ချိခဲ့ပါတယ်။

         ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း Facebook ဟာ လူငယ်တွေအကြား ရေပန်းစားလာတဲ့ TikTok ကို ယှဉ်ပြိုင်နိုင်မယ့် Lasso app ကို မိတ်ဆက်ခဲ့ပါတယ်။ Lasso ဟာ နောက်ခံ တီးလုံးနဲ့အတူ သရုပ်ဆောင်လို့ရမယ့် ၁၅ စက္ကန့်စာ ဗွီဒီယို app တစ်ခု ဖြစ်ပြီး ဒီ app မှာ သီချင်းပေါင်း သန်းနဲ့ချီတင်နိုင်မှာပါ။ Lasso ကို iOS နဲ့Android ဗားရှင်း နှစ်မျိုး နဲ့မိတ်ဆက်ထားပါတယ်။

             LOL ကိုတော့ standalone app အနေနဲ့မိတ်ဆက်မလား ၊ ဒါမှမဟုတ် Facebook app ထဲမှာပဲ နောက်ထပ် feature တစ်ခုအနေနဲ့ပါဝင်လာမလား မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က