• Featured

    လပွတ္တာမြို့မှာ express ကား သစ်ပင်ကို ဝင်တိုက်ပြီး ၂ ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရ

သေဆုံးသူ နှစ်ဦးမှာ ကျောင်းဆရာနဲ့ စပယ်ယာ အမျိုးသားတို့ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန် - လပွတ္တာပြေးဆွဲနေတဲ့ ချမ်းမြေ့အေး express ကားတစ်စီးဟာ ဒီကနေ့ ညနေပိုင်းမှာ လပွတ္တာမြို့ မြသန်းတန်ဘုရား ၃ မိုင်အနီးမှာ သစ်ပင်ကိုဝင်တိုက်မိပြီး အမျိုးသား ၂ ယောက်သေဆုံးခဲ့တဲ့အပြင် ၁၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာမျက်ဝန်း(အခမဲ့) ကျန်းမာရေး‌စောင့်ရှောက်မှုနှင့်လူမှုကူညီရေးအသင်းက သိရပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသား ၂ ဦးမှာ ကျောင်းဆရာနဲ့ စပယ်ယာ အမျိုးသားတို့ဖြစ်ပြီး ဒဏ်ရာရရှိတဲ့ ၁၆ ဦးထဲမှာဆိုရင်လည်း ဆရာမတွေများတယ်လို့ သိရပါတယ်။

image

ဓာတ်ပုံ - ကရုဏာမျက် ဝန်း (အခမဲ့) ကျန်မားရေး‌စောင့်ရှောက်မူနှင့်လူမူကူညီရေးအသင်း

" ညနေ ၅ နာရီလောက်ကဖြစ်တာ၊ စပယ်ယာက လမ်းမှာ ဆုံးတာ။ ကျောင်းဆရာကတော့နေရာမှာပဲ ပွဲချင်းပြီးပဲ။ စက်ပစ္စည်းချို့ယွင်းပြီး ဘရိတ်နင်းမရတော့ဘဲ သစ်ပင်ကိုတိုက်မိသွားတာလို့ ပြန်သိရတယ်။ " လို့ ကရုဏာမျက် ဝန်း (အခမဲ့) ကျန်မားရေး‌စောင့်ရှောက်မူနှင့်လူမူကူညီရေးအသင်းသားတစ်ဦးကပြောပါတယ်။

ယာဉ်မတော်တဆဖြစ်မှုမှာ ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးရုပ်အလောင်းကို ၃ မိုင်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်း၊ ဒဏ်ရာရရှိ သူတွေအနေနဲ့ မစိုးရိမ်ရဘူးလို့သိရပါတယ်။

သေဆုံး ကျောင်းဆရာ နဲ့ ယာဉ်အကူအမျိုးသားကတော့ လူငယ်အရွယ်တွေဖြစ်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က