• သံလွင်တံတားပေါ်မှာ ယာဉ်နှစ်စီးတိုက်မိပြီး လူ ၈ ဦး ဒဏ်ရာရ၊ ၂ ဦး ဒဏ်ရာ ပြင်းထန်

မွန်ဖျော်ဖြေရေးအဖွဲ့က အမျိုးသမီးတွေ ဒဏ်ရာရခဲ့တာပါ။

ဲခူးမှာ ကျင်းပတဲ့ မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကနေ ပြန်လာတဲ့ လိုက်ထရပ်ကားနဲ့ နွားလပို့တောင်တက်ကားတို့ သံလွင်တံတားပေါ်မှာ တိုက်မိရာ မွန်ဖျော်ဖြေရေးအဖွဲ့မှ အမျိုးသမီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။

image

ဖဖော်ဝါရီ ၂၀ ရက် ည ၇နာရီလောက်က ဖြစ်ပွားခဲ့ပြီး နွားလပို့တောင်တက်ကားက လိုက်ထရပ်ကားကို ကျော်တတ်ခဲ့ရာကနေ တိမ်းမှောက်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒဏ်ရာရခဲ့တဲ့သူအားလုံးကို ကျွန်တော်တို့ မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။ သံလွင်တံတား ရဲ့ RP 17 နဲ့ 18 ကြားမှာ ဖြစ်သွားတာပါ။၂ ဦးက ဒဏ်ရာ ပြင်းထန်ပေမယ့် အသက်အန္တရယ်တော့ မရှိပါဘူး” လို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Photo - Zin Moe

ဒဏ်ရာရရှိခဲ့တဲ့သူတွေဟာ ကျိုက်မရောမြို့နယ်က ဖြစ်ပြီး လူနာတွေကို မော်လမြိုင်လူမှုကယ်ဆယ်ရေး Rescue အဖွဲ့ နှင့် ရာမည အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့က ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ကျော်တက်ခဲ့တဲ့ နွားလပို့တောင်တက်ကားမှ ယာဉ်မောင်းဖြစ်သူကို အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ မော်လမြိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲအုပ်ကျော်ဇင်နိုင်က ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် သံလွင်တံတား ခေတ္တပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး မော်လမြိုင်ကယ်ဆယ်ရေးအဖွဲ့တွေက သက်ဆိုင်ရာ ယာဉ်ထိန်းတပ်ဖွဲ့ ၊ ရဲတပ်ဖွဲ့ဝင်တို့က ဆောင်ရွက်ပေးခဲ့ရာ ည ၈ နာရီကျော်မှာ လမ်းပြန်ပွင့်ခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က