• လူနှစ်ဦး သေဆုံးခဲ့တဲ့ ဖလော်ရီဒါ Tesla ကားတိုက်မှု စုံစမ်းစစ်ဆေးနေ

Autopilot စနစ် သုံးထားတာပါ

ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ ဖလော်ရီဒါက Tesla ယာဉ်တိုက်မှုမှာ လူ ၂ ဦး သေဆုံးတဲ့ကိစ္စကို အထူးစုံစမ်းစစ်ဆေးတော့မယ်လို့ အမေရိကန်အမျိုးသားအဝေးပြေးလမ်း လုံခြုံမှုဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ NHTSA က ပြောပါတယ်။ 

ဖလော်ရီဒါမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုမှာ အသက် ၆၆ နှစ်အရွယ် Tesla ယာဉ်မောင်းနဲ့ အသက် ၆၇ နှစ်အရွယ် ခရီးသည်တစ်ဦးတို့ အသက်သေဆုံးမှု ဖြစ်ပွားခဲ့တာပါ။ ဖလော်ရီဒါ အဝေးပြေးလမ်းကင်းလှည့်အဖွဲ့ရဲ့ အဆိုအရ ၂၀၁၅ မော်ဒယ် Tesla ကားတစ်စင်းဟာ Interstate 75 ယာဉ်ရပ်နားစခန်းတစ်ရဲ့ အပြင်ဘက် Gainesville ဧရိယာမှာ ရပ်ထားတဲ့ ကုန်တင်ကားကြိးတစ်စီးကို ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။ 

image


Tesla ကားထဲမှာ ပါသူနှစ်ဦးဟာ ကယ်လီဖိုးနီးယားပြည်နယ် Lompoc က ဖြစ်ပြီး အခင်းဖြစ်ရာမှာပဲ နှစ်ဦးလုံး ကွယ်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။ Autopilot စနစ် သုံးထားသလားကိုတော့ မသိရဘူးလို့လည်း ကင်းလှည့်အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ကြာသာပတေးနေ့မှာတော့ လမ်းသွားနေသူတစ်ဦးကို သေဆုံးစေခဲ့တဲ့ ကယ်လီဖိုးနီးယားက ယာဉ်တိုက်မှုတစ်ခုအကြောင်း အထူးစုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ထားတယ်လို့ NHTSA က အတည်ပြုပါတယ်။ 

ဒီယာဉ်တိုက်မှုဖြစ်ပွားချိန်မှာ ၂၀၁၈ မော်ဒယ် Tesla Model 3 ကားဟာ အခင်းဖြစ်ပွားချိန် အဆင့်မြင့် ယာဉ်မောင်းအကူစနစ်ကို အသုံးပြုဖွယ် ရှိတယ်လို့လည်း ယူဆထားကြတာပါ။ NHTSA ဟာ ကယ်လီဖိုးနီးယားယာဉ်တိုက်မှု အပါအဝင် ၂၀၁၆ ခုနှစ်က စလို့ Autopilot လိုမျိုး အဆင့်မြင့် ယာဉ်မောင်းအကူနည်းပညာစနစ်သုံးထားတယ်လို့ ယူဆထားတဲ့ Tesla ကားတိုက်မှုပေါင်း ၃၆ ခုကို စုံစမ်းစစ်ဆေးမှုလုပ်ထားတယ်လို့လည်း ဆိုပါတယ်။

Tesla နဲ့ ဆိုင်တဲ့ စုံစမ်းစစ်ဆေးမှုတွေထဲမှာ စုစုပေါင်း လူ ၁၇ ဦး သေဆုံးမှုတွေလည်း ပါဝင်နေပါတယ်။ NHTSA အနေနဲ့ အဆင့်မြင့်ယာဉ်နည်းပညာသစ်တွေနဲ့ ယာဉ်ဘေးကင်းရေးပြဿနာတွေကြောင့် ဖြစ်လာတဲ့ အထူးယာဉ်တိုက်မှုစုံစမ်းရေး ၁၀၀ ကျော်ကို နှစ်စဉ် စုံစမ်းစစ်ဆေးမှုလုပ်နေတယ်လို့လည်း ဆိုပါတယ်။ ဖလော်ရီဒါယာဉ်တိုက်မှုဟာလည်း လက်ရှိ NHTSA က စုံစမ်းစစ်ဆေးနေတဲ့ ယာဉ်တိုက်မှုတွေနဲ့ ဆင်တူနေတဲ့ အချက်တွေ တွေ့ရတယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က