• လုပ်ကြံခံရသူ အီရန်စစ်ဗိုလ်ချုပ်ကို ထောက်ခံသည့် ပို့စ်များ Facebook ဖယ်ရှား

Instagram ကို ကန့်ကွက်ကြောင်း ဥပဒေထုတ်ထားပါတယ်

Instagram နဲ့ Facebook တို့ဟာ အမေရိကန်စစ်တပ်ရဲ့ ဒရုန်းနဲ့ လုပ်ကြံခံရတဲ့ ကွယ်လွန်သူ အီရန်စစ်ဦးစီးမှူး ကာဆင်ဆူလေမာနီကို ထောက်ခံတဲ့ ပို့စ်တွေကို ပလက်ဖောင်းပေါ်ကနေ ဖယ်ရှားနေတယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရဲ့ ဆန်ရှင်ပိတ်ဆို့မှုကြောင့် ကာဆင်ဆူလေမာနီနဲ့ ဆိုင်တဲ့ ပို့စ်တွေကို Instagram နဲ့ မိခင်ကုမ္ပဏီ Facebook တို့ က ဖယ်ရှားတာ ဖြစ်တယ်လို့ Facabook ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး CNN Business သတင်းက ဖော်ပြထားပါတယ်။ Facebook နဲ့ Instagram တို့ဟာ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်အရှောက် ကော်ပိုရေးရှင်း (IRGC) နဲ့ ယင်းရဲ့ ဦးဆောင်မှုတွေနဲ့ ဆက်နွယ်နေတဲ့ ပို့စ်တွေပါ ဖယ်ရှားနေတာပါ။

image

Photo: gizmodo


လုပ်ကြံခံရသူ ဆူလေမာနီဟာ IRGC ရဲ့ စစ်ဦးစီးမှူးတစ်ယောက် ဖြစ်ပါတယ်။ IRGC ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြီးခဲ့တဲ့နှစ်က အမေရိကန်အစိုးရရဲ့ ကြေညာချက် ထွက်လာပြီးကတည်းက Instagram ဟာ ဆူလေမာနီရဲ့ အကောင့်ကို ဆိုင်းငံ့အရေးယူထားတာပါ။ အမေရိကန်ဟာ ယခုနှစ်ဇန်နဝါရီလဆန်းပိုင်းမှာ ဆူလေမာနီကို လေကြောင်းတိုက်ခိုက်မှုမှာ လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။

အီရန်စစ်ဗိုလ်ချုပ်ဟာ အမေရိကန်သံရုံးအမြောက်အများကို တိုက်ခိုက်ဖို့ စီစဉ်နေတာကြောင့် အမေရိကန်ဘက်က လက်ဦးမှုယူပြီး လုပ်ကြံခဲ့တာ ဖြစ်တယ်လို့ သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ CNN သတင်းအရ Facebook ဟာ အမေရိကန်ဥပဒေနဲ့ ငြိစွန်းနေတဲ့ ဆန်ရှင်ပိတ်ဆို့ခံ လူတွေနဲ့ အဖွဲ့အစည်း ထက်ဝက်ခန့်ရဲ့ Instagram အကောင့်တွေကို ဖယ်ရှားထားတယ်လို့ ဆိုပါတယ်။

Photo: Mashable


Facebook အနေနဲ့ အခုလို ဆန်ရှင်ခတ်ခံထားရတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်ကို ထောက်ခံချီးကျူးတဲ့ ပို့စ်တွေကိုလည်း ဖယ်ရှားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ အီရန်အစိုးရဘက်ကလည်း Instagram ကို တစ်နိုင်ငံလုံး ကန့်ကွက်ဆန့်ကျင်ဖို့ ဥပဒေထုတ်ပြန်ထားပြီး Instagram ပလက်ဖောင်းပေါ်က ဖယ်ရှားခံထားရတဲ့ ပို့စ်နမူနာတွေကို လာတင်နိုင်မယ့် အစိုးရဝက်ဘ်ဆိုက်‌ portal တစ်ခု ဖန်တီးထားပါတယ်။

Instagram ဟာ အီရန်မှာ အပိတ်ပင်မခံရတဲ့ ရှားရှားပါးပါး အနောက်နိုင်ငံ ဆိုရှယ်မီဒီယာပလက်ဖောင်းအနည်းငယ်ထဲက တစ်ခု ဖြစ်ပါတယ်။ Twitter နဲ့ Facebook တို့ကို အီရန်မှာ ပိတ်ပင်ထားပေမယ့် တစ်ချို့အီရန်နိုင်ငံသားတွေဟာ Virtual Private Networks (VPNs) တွေကနေ ကျော်သုံးနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က