• မာတီနက်ဇ်ကို ပရိသတ်တွေရဲ့ချစ်ပုံချစ်နည်း သိပ်မကောင်းလို့ ယူနိုက်တက်ဘက်က ထိန်းကျောင်းပေးနေ

ယူနိုက်တက်ဘက်က ပရိသတ်တွေကို တားမြစ်ခဲ့တာပါ။

ယူနိုက်တက်ပရိသတ်တွေဟာ ပြီးခဲ့တဲ့နွေရာသီကမှ အေဂျက်စ်ကနေ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့တဲ့ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို သူတို့အတွက် သဘောအကျဆုံး ကစားသမားတွေထဲကတယောက်အဖြစ် သတ်မှတ်လာကြပါတယ်။ ဒီကစားသမားဟာ အသင်းအတွက် ပါဝင်ကစားခွင့်ရတိုင်း နိုင်လိုစိတ်အပြည့်နဲ့ ခွန်အားပြည့်စိုက်ထုတ် ကစားလေ့ရှိပါတယ်။

image

အာဂျင်တီးနားသား မာတီနက်ဇ်ဟာ အေဂျက်စ်မှာ ကစားခဲ့တုန်းကလည်း သူ့ရဲ့ ဒီလိုမျိုး ကျားကုပ်ကျားခဲကစားဟန်ကြောင့် “အမ်စတာဒမ်က သားသတ်သမား” အဖြစ် နာမည်ပြောင်ပေးခံခဲ့ရပါတယ်။ အခု ယူနိုက်တက်ကို ရောက်လာချိန်မှာလည်း မာတီနက်ဇ်က အသင်းအတွက် အကောင်းဆုံးပေးဆပ်နေတာကြောင့် သူက “မန်ချက်စတာမြို့က သားသတ်သမား” ဆိုတဲ့ နာမည်ပြောင်ကို ရရှိထားပါပြီ။

image

ယူနိုက်တက်ပရိသတ်တွေဟာ မာတီနက်ဇ်ကို ရည်ရွယ်ပြီး “အာဂျင်တီးနား” လို့ အော်ဟစ်အားပေးနေကြပြီး ဒီအသံတွေက သူ့ကို မျက်ရည်ကျလုနီးပါး စိတ်လှုပ်ရှားစေခဲ့တယ်လို့ အဆိုပါဗဟိုနောက်ခံလူက ဖွင့်ဟထားပါတယ်။ ဒါ့အပြင် ယူနိုက်တက်ပရိသတ်တွေဟာ မာတီနက်ဇ်ကို ရည်ညွှန်းပြီး အသားခုတ်ဓားမကြီးပုံကို ထည့်သွင်းဖော်ပြထားတဲ့ အာဂျင်တီးနားအလံနဲ့ ဂုဏ်ပြုခဲ့ပါသေးတယ်။

ဒီအလံနဲ့ပတ်သက်လို့လည်း မာတီနက်ဇ်က သူ့ရဲ့ အင်စတာဂရမ်မှာ “အံ့အားသင့်စရာပဲ” လို့ ရေးသား တုံ့ပြန်ခဲ့ပါသေးတယ်။ ဒါပေမယ့် ယူနိုက်တက်ဘက်ကတော့ ဒီအလံကို ကွင်းတွင်းမှာ အသုံးမပြုဖို့ ပရိသတ်တွေကို တားမြစ်လိုက်ပါတယ်။ အကြောင်းရင်းကတော့ အလံမှာ လက်နက်ပုံပါဝင်နေတာကြောင့်ဖြစ်တယ်လို့ သိရှိရပါတယ်။

မာတီနက်ဇ်ဟာ ယူနိုက်တက်ကို ရောက်ရောက်ချင်း (၅) ပေ (၉) လက်မပဲရှိတဲ့ သူ့ရဲ့အရပ်အမောင်းကြောင့် ကာရေဂါ၊ ဂရေမီဆောင်းနက်စ်တို့လို ဝေဖန်ရေးသမားတွေရဲ့ သံသယတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီကစားသမားကတော့ ယူနိုက်တက်အတွက် ပွဲတိုင်း အကောင်းဆုံးပေးဆပ်နေပြီး အခုလိုမျိုးပဲ ယူနိုက်တက်ပရိသတ်တွေရဲ့ တခုတ်တရ ဂုဏ်ပြုခြင်းကိုပါ လက်ခံရရှိနေပါပြီ။ 

Share

Loading Next Article...
က္က