• မက်ဆီရဲ့ကစားသမားဘဝအတွက် တိုက်ပွဲဝင်သွားမှာလို့ ပြောကြားခဲ့တဲ့ ယူနိုက်တက်နောက်ခံလူ

မာတီနက်ဇ်က ပြောကြားခဲ့တာပါ။

ယူနိုက်တက်ရဲ့ အာဂျင်တီးနားလူမျိုး နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်က လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလားက မက်ဆီအတွက် နောက်ဆုံးသော ကမ္ဘာ့ဖလားမဖြစ်နိုင်ကြောင်းနဲ့ အသက် (၃၄) နှစ်အရွယ် အဆိုပါ ကစားသမားအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

image

လာမယ့် နိုဝင်ဘာ (၂၁)၊ ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားက သူ့အတွက် နောက်ဆုံးသော ကမ္ဘာ့ဖလားဖြစ်လာမယ်လို့ မက်ဆီက အတည်ပြုထားပါတယ်။ အဲ့ဒါကြောင့်လည်း မက်ဆီကို ကစားသမားဘဝ တကြိမ်တည်းသော ကမ္ဘာ့ဖလားအောင်မြင်မှုကြီး ဆွတ်ခူးသွားနိုင်ဖို့ အားလုံးက မျှော်လင့်နေကြပါတယ်။ အာဂျင်တီးနား လက်ရွေးစင် အသင်းဖော်တွေကလည်း မက်ဆီအတွက်ပဲ တိုက်ပွဲဝင်ပေးသွားဖို့ အသင့်ရှိနေပါတယ်။

image

မက်ဆီဟာ သူ့ရဲ့ကလပ်ကစားသမားဘဝ အနာဂတ်နဲ့ ပတ်သက်လို့လည်း လက်ရှိအချိန်ထိ မဆုံးဖြတ်ရသေးပါဘူး။ ဒီအတွက်တော့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှသာ သူ့ရဲ့ စိတ်အားထက်သန်မှုအပေါ် မူတည်ကာ ဆုံးဖြတ်သွားမယ်လို့ သိရှိရပါတယ်။ မက်ဆီဟာ မြက်ခင်းစိမ်းတွေကို ကျောခိုင်းသွားဖို့ နီးစပ်နေပြီလို့လည်း ပရိသတ်အချို့က ယူဆနေပါတယ်။

ဒါပေမယ့် မာတီနက်ဇ်ကတော့ “လာမယ့် ကမ္ဘာ့ဖလားက မက်ဆီအတွက် ဘယ်လိုကြောင့် နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ရမှာလဲ။ နိုး... နိုး..။ သူ ရူးနေပြီဗျ။ ကျနော်တို့ သူ့ကို ထွက်သွားခွင့် မပေးနိုင်ပါဘူး။ သူ့အတွက် ကျနော်တို့ တိုက်ပွဲဝင်သွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အချို့ကလည်း လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီ အောင်ပွဲခံနိုင်ဖို့ အစွမ်းကုန် တိုက်ပွဲဝင်သွားမယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။ မာတီနက်ဇ်ဟာ လက်ရှိ ယူနိုက်တက်မှာ ရော်နယ်ဒိုနဲ့ အသင်းဖော်ဖြစ်နေပေမယ့် သူ့ရဲ့ လက်ရွေးစင်အသင်းခေါင်းဆောင်နဲ့ ပတ်သက်လို့တော့ ဘာကိုမှ မကွယ်ဝှက်ဘဲ အခုလိုမျိုး ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က