• ရော်နယ်ဒိုနဲ့မက်ဆီရဲ့ GOAT တိုက်ပွဲကို အဆုံးအဖြတ်ပေးလိုက်တဲ့ (၁၇) နှစ်သားလေး

ဂါနာချိုတယောက် မက်ဆီရဲ့မွေးနေ့အတွက် အမှတ်တရဆုတောင်းပေးခဲ့တာပါ။

ယူနိုက်တက်ရဲ့ အသက် (၁၇) နှစ်အရွယ် ကြယ်ပွင့်ကစားသမားလေး ဂါနာချိုက မက်ဆီရဲ့ မနေ့က (၃၅) နှစ်ပြည့်မွေးနေ့ပွဲအတွက် အင်စတာဂရမ်ပေါ်ကတဆင့် မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ အာဂျင်တီးနားသားတယောက်ပဲဖြစ်တဲ့ ဂါနာချိုဟာ မက်ဆီနဲ့အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံကို တင်ထားခဲ့ပြီး ဆုတောင်းပေးခဲ့တာပါ။

image

ဂါနာချိုက “အိပ်မက်တွေ အမှန်ကတယ်ဖြစ်လာခဲ့ပါတယ်။ မက်ဆီက ကျနော့်ရဲ့ စံပြပုဂ္ဂိုလ်ပါ” လို့ရေးသားပြီး မွေးနေ့အမှတ်တရစကား ပြောကြားပေးခဲ့ပါတယ်။ ဒါ့အပြင် ဘုရင်သရဖူ နဲ့ ဆိတ်ပုံစံ (GOAT) အီမိုဂျီတို့ကိုလည်း ထည့်သွင်းရေးသားခဲ့ပြီး မက်ဆီကို ထာဝရအကောင်းဆုံး ကစားသမားတယောက်အဖြစ် ရည်ညွှန်းခဲ့ပါတယ်။ ဂါနာချိုဟာ ရော်နယ်ဒိုနဲ့ နီးစပ်လွန်းတာကြောင့် အာဂျင်တီးနားပရိသတ်တွေရဲ့ ဝေဖန်မှုကို ရင်ဆိုင်နေရတာပါ။

image

နော့ဝစ်ချ်ကို ရော်နယ်ဒို ဟက်ထရစ်သွင်းပြီးနောက် ဟက်ထရစ်ရတဲ့ ဘောလုံးကို ရော်နယ်ဒိုက ဂါနာချိုအတွက် လက်ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံကို ဂါနာချိုက သူ့ရဲ့အင်စတာဂရမ်မှာတင်ထားခဲ့ပြီး ရော်နယ်ဒိုကို GOAT တယောက်အဖြစ် ချီးကျူးခဲ့ပါတယ်။ အဲ့ဒါကြောင့် အဂွေရိုအပါအဝင် အာဂျင်တီးနားပရိသတ်တွေက ဂါနာချိုကို ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမယ့် ဂါနာချိုက ဂရုမစိုက်ခဲ့ဘဲ လူငယ်အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းအပြီး ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်နဲ့ အောင်ပွဲခံခဲ့ပါတယ်။ တကယ်တမ်းမှာလည်း ဂါနာချိုက မက်ဆီနဲ့လည်း ဘာပြဿနာမှမရှိဘဲ မက်ဆီကိုယ်တိုင်က ဂါနာချိုရဲ့ အရည်အချင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတို့ကို လေးစားနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ 

Share

က္က