• ဆမ်ဆောင်းက infinity display နဲ့ အနောက်ဘက်ကင်မရာနှစ်လုံးပါဝင်ပြီး ဈေးနှုန်း သင့်တင့်တဲ့ Galaxy J8 စမတ်ဖုန်းကို မိတ်ဆက်

Super AMOLEDနည်းပညာထည့်သ ွင်းထားတဲ့ ၆ လက်မအရ ွယ်အစားရှိ HD+ Infinity Display နဲ့ပါ
image
 

လက်ရှိကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဆမ်ဆောင်းဟာ သူတို့ရဲ့နောက်ထပ်ခြေလှမ်းသစ်အနေနဲ့ Infinity Display နဲ့ အနောက်ဘက်ကင်မရာနှစ်လုံးပါဝင်ပြီး ဈေးနှုန်းသင့်တင့်တဲ့ Galaxy မျိုးဆက်သစ်စမတ်ဖုန်း J8 ကို ဇူလိုင် ၂၂ ရက်နေ့က မြန်မာနိုင်ငံဈေးကွက်မှာ တရားဝင်မိတ်ဆက်လိုက်ပါတယ်။

Galaxy J8 မိတ်ဆက်ပွဲကို ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေ၊ ဆမ်ဆောင်းမှတာဝန်ရှိသူတွေ၊ မီဒီယာတွေနဲ့ ဆမ်ဆောင်းရဲ့ Brand Ambassador ဖြစ်တဲ့ အဆိုတော် G Fatt ၊ နာမည်ကျော် မော်ဒယ်လ်၊သရုပ်ဆောင် နဲ့ အဆိုတော် နန်းဆုရတီစိုး တို့တက်ရောက်ခဲ့ကြပါတယ်။

Galaxy J8 ကို အရောင်အသေ ွးစုံလင်ပြီး ပိုမိုစိုပြေတောက်ပကာကြည်လင်ပြတ်သားတဲ့ ဆမ်ဆောင်းရဲ့မူပိုင် Super AMOLEDနည်းပညာထည့်သ ွင်းထားတဲ့ ၆ လက်မအရ ွယ်အစားရှိ HD+ Infinity Display နဲ့ ဖန်တီးထားတာကြောင့် ရုပ်ထွက်ပိုင်းမှာ အထူးကောင်းမွန်တာကိုတွေ့ရပါတယ်။

 

ဒီဖုန်းမှာ အဆင့်မြင့်ကင်မရာလုပ်ဆောင်ချက်တွေဖြစ်တဲ့ Samsungရဲ့ တန်ဖိုးကြီးဖုန်းတွေမှာသာပါဝင်တဲ့ Live Focus လုပ်ဆောင်ချက်နဲ့ အတူချစ်စရာ စတစ်ကာတွေနဲ့ တီထ ွင်ဆန်းသစ်တဲ့ filter တွေကိုလည်းထည့်သွင်းပေးထား ပါသေးတယ်။ အဓိကကင်မရာမှာ f/1.7 အလင်းဝင်ပေါက်ရှိ16 MP ကင်မရာ နဲ့ f/1.9အလင်းဝင်ပေါက်ပါဝင်သော 5 MP ကင်မရာဆိုတဲ့ ကင်မရာ ၂ လုံးပါဝင်ပါတယ်။ အရှေ့ကင်မရာအတွက်တော့ အလင်းဝင်ပေါက် f/1.9 ရှိ 16MP ကင်မရာကို ထည့်သ ွင်းပေးထားပါတယ်။ Galaxy J8 မှာသုံးစ ွဲသူတွေ အနေနဲ့ အလျင်မြန်ဆုံးနဲ့ အလ ွယ်ကူဆုံးနည်းဖြစ်တဲ့ မျက်နှာအသိအမှတ်ပြုလုံခြုံရေးစနစ်နဲ့ဖုန်းကိုလော့ခ်ဖွင့် နိုင်မယ့်    အဆင်ပြေလ ွယ်ကူတဲ့ Face Unlock စနစ်ကိုလည်းထည့်သွင်းပေးထားပါတယ်။

 

Galaxy J8 ကို စတိုင်ကျလှပပြီး ကျော့ရှင်းတဲ့ဒီဇိုင်းနှင့်အတူလက်ထဲမှာ မြဲမြဲမြံမြံကိုင်ထားနိုင်အောင် ဖန်တီးပေးထားတာကို တွေ့ရပါတယ်။အခြား အသုံးဝင်အဆင်ပြေတဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့  လက်ဗေ ွစနစ်၊ Dual Messenger နဲ့ Dolby Atmos Surround အသံစနစ်တို့အပြင်ကြာရှည်ခံတဲ့ 3,500 mAh ဘက်ထရီကိုလည်း ထည့်သ ွင်းပေးထားပါတယ်။

Gal axy J8 မှာ Built-in Memory 3GB ပါဝင်တဲ့အပြင် SD Card ထည့်သ ွင်းပြီး 256 GB အထိတိုးချဲ့ အသုံးပြုနိုင်မှာပါ။

Galaxy J8 ကို မိတ်ဆက်တဲ့ အထိမ်းအမှတ်အနေနဲ့ Samsung မြန်မာနှင့် Mytel တို့ အတူပူးပေါင်းပြီး J8 ဝယ်ယူသူတွေကို ၁၂ လဆက်တိုက် လစဉ် အနည်းဆုံး ၅,၀၀၀ ကျပ် ဖုန်းငေ ွဖြည့်သ ွင်းတိုင်း ရက်ပေါင်း ၃၀အတ ွင်းအသုံးပြုနိုင်တဲ့ ဒေတာ 2GB နှင့်အတူ Mytel နံပါတ်အချင်းချင်း မိနစ်ပေါင်း ၁၀၀ ဖုန်းခေါ်ဆိုခ ွင့်ကို အထူးလက်ဆောင်အနေဖြင့်ရရှိဦးမယ်လို့လည်း သိရပါတယ်။

Galaxy J8 ကို ထူးခြားလှပတဲ့ အနက်ရောင်၊ ရွှေရောင်နှင့် ခရမ်းရောင်ဆိုတဲ့အရောင် ၃ မျိုးရွေးချယ်ဝယ်ယူနိုင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ Samsung အရောင်းဆိုင်ကြီးတွေနဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်ပြီး မြန်မာကျပ်ငေ ွ ၃၆၉,၀၀၀ ကျပ်နဲ့ဝယ်ယူရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က