• မန္တလေးက ဆိုင်ကယ်ဂိုထောင်မီးလောင်မှု ကျပ်သိန်း(၂၆၀) ကျော်ဆုံးရှုံး

ဒီနေ့ နေ့လယ်ပိုင်းက မီးစတင်လောင်ကျွမ်းခဲ့တာပါ။

လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာက မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်(၂၆၃)သိန်း ဆုံးရှုံးခဲ့တယ်လို့ကြေးနန်းထုတ်ပြန်ချက်အရသိရပါတယ်။

image

 ဒီကနေ့ သြဂုတ်လ (၂)ရက်နေ့ မန္တလေးမြို့၇၀×၇၁ လမ်းနှင့် ဇော်ဂျီလမ်းထောင့်မှာရှိတဲ့ Loncin ဆိုင်ကယ်ဂိုထောင်မီးလောင်မှုမှာတော့ ဆုံးရှုံးမှုတန်ဖိုး ကျပ်(၂၆၃)သိန်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

လျှပ်စစ် ဝါယာကြိုး အပူလွန်ကဲရာကနေပြီး အနီးရှိဂျပ်ဖာပုံးကိုကူးစက်ခဲ့ပြီးတော့ မီးစတင်လောင်ကျွမ်းခဲ့တာပါ။ မီးလောင်မှုမှာတော့ ဆိုင်ကယ်(၅၀)စီး၊ သုံးဘီးဆိုင်ကယ်(၅)စီး၊ ဆိုင်ကယ်အပိုပစ္စည်း တန်ဖိုး (၁၅)သိန်းခန့်၊ တစ်ထပ်သွပ်မိုးအဆောက်အဦ(၂)လုံး တန်ဖိုးစုစုပေါင်းအားလုံး ကျပ်(၂၆၃)သိန်းဆုံးရှုံးခဲ့တာဖြစ်တယ်လို့ ကြေးနန်းထုတ်ပြန်ချက်အရသိရပါတယ်။
image

မီးလောင်မှုကိုတော့ သန္ဓေမီးသတ်တပ်ဖွဲ့(၂၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၇၅)ဦး၊ မီးသတ်ယာဉ်(၃၀)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီးနဲ့ အထောက်အကူပြုယာဉ်(၇)စီးတို့ဖြင့် မီးငြိမ်းသတ်ဆောင်ရွက်ခဲ့ရပါတယ်။

လက်ရှိမှာတော့ လျှပ်မီးပေါ့ဆစွာအသုံးပြုသူကို ဥပဒေအရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က