• မေ့မရနိုင်မယ့် စိတ်လှုပ်ရှားပျော်ရွှင်စရာ တောင်တက်ခရီးစဉ် ပိုင်ဆိုင်နိုင်စေဖို့

တောင်တက်ခရီးကို သက်သောင့်သက်သာစိတ်လက်ပျော်ရွှင်စွာ သွားနိုင်ဖို့ အတွက် ဒီအချက်တွေလိုပါတယ်။

အားလပ်ရက်မှာ တောင်တက်ချင်ကြတဲ့ ဝါသနာရှင်တွေအတွက် အောင်မြင်တဲ့ခရီးတစ်ခုဖြစ်အောင် ဒီအချက်လေးတွေက ကူညီပေးနိုင်ပါတယ်နော်။ 


ကိုယ်တက်မယ့် တောင်တက်ခရီးစဉ်ရဲ့ လမ်းကြောင်းအနေအထားကို လေ့လာပါ 


image


 အကွာအဝေး၊ အမြင့်ပေ၊ မြေပြင်အနေအထားနဲ့ ရာသီဥတုအခြေအနေအပါအဝင် ကိုယ့်ရဲ့ ခြေလျင်ခရီးလမ်းကြောင်းကို သေချာလေ့လာပါ။ သဘာဝထိန်းသိမ်းရေးနယ်မြေတွေမှာ တောင်တက်မယ်ဆိုရင် ခရီးစဉ်အတွက် လိုအပ်တဲ့ ခွင့်ပြုချက်တွေကို ယူဖို့လိုပါတယ်။ လုံခြုံရေးနှင့် ကျွမ်းကျင်မှုအတွက် ဒေသခံဧည့်လမ်းညွှန်တစ်ဦးကို ငှားရမ်းပါ ဒါမှမဟုတ် အုပ်စုလိုက်တောင်တက်ခရီးစဉ်တွေမှာ ပါဝင်ပါ။ 


ကိုယ်သယ်ဆောင်သွားမယ့် အိတ်ကို သေချာပြင်ဆင်ပါ 


 အလေးချိန်ပေါ့ပါးပြီး မရှိမဖြစ်ပစ္စည်းတွေကိုပဲ ထုပ်ပိုးပါ။ ပေါ့ပါးပြီး မိုးစိုခံနိုင်တဲ့ အဝတ်အစားတွေကို ရွေးချယ်တာက အသင့်တော်ဆုံးပါပဲ။ ခိုင်ခံ့တဲ့ တောင်တက်ဘွတ်ဖိနပ်၊ သက်သောင့်သက်သာရှိတဲ့ ကျောပိုးအိတ်နဲ့ ရွက်ဖျင်တဲအပါအဝင် အရည်အသွေးမြင့် တောင်တက်ခရီးသုံးပစ္စည်းတွေဖြစ်တဲ့ ဓား၊ ချိတ်၊ ကြိုး၊ ရေနဲ့ အခြောက်ခံအစားအစာတွေ ပါပါစေ။ 


ရိက္ခာကိုလည်း သတိတရပြင်ဆင်ပါ 


ရေကို လုံလုံလောက်လောက်သယ်ပြီး ပုံမှန်သောက်ပါ။ အာဟာရပြည့်တဲ့ ပေါင်မုန့်၊ စည်သွပ်ဘူး၊ အသားဘူးနဲ့ ဝက်အူချောင်းလို အထားခံတဲ့ အစားအစာတွေကို အဓိကသယ်သွားသင့်ပါတယ်။ အခွံမာသီး၊ သစ်သီးခြောက်နဲ့ ချောကလက်လိုမျိုး အာဟာရရှိတဲ့ သွားရည်စာတွေကိုလည်း မေ့မထားသင့်ပါဘူး။ 



ထိခိုက်မှုနည်းစေဖို့ သတိပြုပါ 


ခန္ဓာကိုယ်ကို အနားပေးပါ။ ပြင်းထန်တဲ့ အပူချိန်ကို ရှောင်ရှားဖို့ ခရီးစဉ်ကို မနက်စောစောမှာ စသင့်ပါတယ်။ အသက်ရှူနည်းစနစ်မှန်မှန်နဲ့ ချော်လဲကျပြီး ထိခိုက်ဒဏ်ရာရတာကနေ ကာကွယ်ဖို့ ဖြည်းဖြည်းနဲ့ မှန်မှန်သာ လျှောက်ပါ။ 


သဘာဝတရားကို ချစ်မြတ်နိုးပါ 


သတ်မှတ်ထားတဲ့ လမ်းစည်းကမ်းအတိုင်း လိုက်နာပြီး ကျိုးပဲ့လွယ်တဲ့သစ်ပင်တွေကို နင်းခြေ၊ ခူးဆွတ်ခြင်းမှ ရှောင်ပါ။ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ပြီး သစ်တောစည်းကမ်းတွေကို လိုက်နာပါ။ တောရိုင်းတိရစ္ဆာန်တွေကို အစာကျွေးခြင်း ဒါမှမဟုတ် အနားကပ်ခြင်းမှ ရှောင်ကြဉ်ပါ။ 


ပြောင်းလဲနိုင်တဲ့ ရာသီဥတုအတွက် ကြိုတင်ပြင်ဆင်ထားပါ


အပူချိန်အတက်အကျနဲ့ မိုးရွာသွန်းမှုအပါအဝင် ပြောင်းနိုင်တဲ့ ရာသီဥတုအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဝတ်ဆင်ပါ။ ရေစိုခံအင်္ကျီ၊ ခြောက်သွေ့လွယ်တဲ့ အဝတ်အစား၊ ဦးထုပ်နဲ့ လက်အိတ်လိုမျိုး ခန္ဓာကိုယ်ကို ကာကွယ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ဆောင်ထားပါ။ 



ဘေးကင်းဖို့ကို ဦးစားပေးပါ


မူလရည်ရွယ်ထားတဲ့ လမ်းကြောင်း၊ ပြန်ချိန်၊ အရေးပေါ် အဆက်အသွယ်တွေနဲ့တောင်တက်ခရီး အစီအစဉ်တွေကို တစ်ယောက်ယောက်ကို အသိပေးခဲ့ပါ။ မြေပုံ၊ သံလိုက်အိမ်မြှောင်၊ GPS ကို ဆောင်ထားပြီး အမြဲမပြတ် ကြည့်ရှူပါ။ တောင်စွန်း၊ စမ်းချောင်းနဲ့ တောရိုင်းတိရစ္ဆာန်အန္တရာယ်ကို ကြိုတင်ကာကွယ်မှုများ ပြင်ဆင်ထားပါ။


ကြိုတင်စစ်ဆေးပြီး ပြင်ဆင်ပါ


 ခရီးကိုမစတင်မီ ရာသီဥတုခန့်မှန်းချက်နဲ့ လမ်းခရီးအခြေအနေတွေကို စစ်ဆေးပါ။ ဒေသဆိုင်ရာ စည်းမျဉ်းများ၊ တောရိုင်းတိရစ္ဆာန်တွေရဲ့ လှုပ်ရှားမှုနဲ့ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကို ကြိုလေ့လာပါ။ အရေးပေါ်အခြေအနေအတွက် အားအပြည့်သွင်းထားတဲ့ မိုဘိုင်းလ်ဖုန်းနဲ့ ပါဝါဘန့်တွေကို ဆောင်ထားပါ။ 


ခရီးစဉ်ကို ပျော်ရွှင်စွာနဲ့ သတိနဲ့နေပါ


တောင်တက်နေတဲ့ ပတ်ဝန်းကျင်ရဲ့ သဘာဝအလှနဲ့ သာယာမှုကို ခံစားဖို့ အချိန်ပေးပါ။ တောင်တန်းဒေသ အလှအပတွေကို ဓာတ်ပုံရိုက်ယူပါ၊ ဒါပေမဲ့ လက်ရှိအချိန်နဲ့ အတွေ့အကြုံကို ပျော်ရွှင်စွာ ခံစားဖို့ အချိန်ခဏလေးလည်း ယူပါ။





ဒေသခံတွေရဲ့ စီးပွားရေးကို အားပေးပါ


 နယ်ခံစီးပွားရေးလုပ်ငန်းတွေဆီက ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူပြီး ဒေသခံတွေကို ကူညီပါ။ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပြီး ပျော်ရွှင်တဲ့ခရီးတစ်ခုအဖြစ် အမှတ်ရချန်ထားခဲ့နိုင်ပါစေ။ 


ဒီလောက်ဆိုရင်တော့ ပျော်ရွှင်တဲ့ တောင်တက်ခရီးစဉ်တစ်ခုကို တက်ရောက်နိုင်ပါပြီ။ 



ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။

Share

Loading Next Article...
က္က