• Metaverse ‌ထဲက မြေဝယ်ဖို့ တစ်သက်လုံး စုထားတဲ့ငွေတွေ သုံးပစ်ခဲ့သူ

ကောလိပ်ကျူရှင်ခကိုလည်း ဂိမ်းထဲကနေ ရခဲ့တယ်လို့ ဆိုပါတယ်

VR Game ထဲက ပုံရိပ်ယောင်မြေတစ်ကွက်အတွက် တက္ကဆက်နယ်သားတစ်ယောက်ဟာ ရှိသမျှ စုငွေတွေကို အကုန်သုံးခဲ့တယ်လို့ ဆိုပါတယ်။ 

အွန်လိုင်းမှာ ဒေးဗစ်ဂျိုကာလို့ နာမည်ပေးထားတဲ့ တက္ကဆက်နယ်သား ဂျက်စတင်ရိဒ်ဆိုသူဟာ Entropia Universe လို့ ခေါ်တဲ့ ဆွီဒင်ဆော့ဖ်ဝဲလ်ကုမ္ပဏီ MindArk က ဒီဇိုင်းထုတ်ထားတဲ့ အွန်လိုင်း Virtual Reality ဂိမ်းပေါ်က Khorum Coast လို့ ခေါ်တဲ့ ပုံရိပ်ယောင်မြေတစ်ကွက်အတွက် ကန်ဒေါ်လာ ၁၈၀၀၀ (ဩစတြေးလျဒေါ်လာ ၂၆၃၁၇) သုံးစွဲခဲ့တယ်လို့ KXAN ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ 

image



"ဒါကြီးက များတယ်လို့ ထင်မှာ သိပါတယ်။ ကျွန်တော်က ပုံရိပ်ယောင်မြေပိုင်ရှင်ပါလို့ တစ်ယောက်ယောက်ကို ပြောရတာ ကြောင်ပါတယ်။ ကျွန်တော် တစ်ဘဝလုံး စုဆောင်းထားသမျှကို ဒီထဲကို ထည့်လိုက်တာပါ။ ဒါပေမယ့် ကျွန်တော် Entropia ကို ယုံကြည်ပါတယ်။" လို့ ရိဒ်က ပြောပါတယ်။ 

ရိဒ်ဟာ နှစ်ပေါင်း ၂၀ နီးပါး ဂိမ်းကစားလာခဲ့တာကြောင့် ဒီဂိမ်းကို ယုံကြည်တယ်လို့ ပြောတာ ဖြစ်ပါတယ်။ ဒီလို ဂိမ်းကစားရင်းနဲ့ပဲ ကောလိပ်ကျောင်းစရိတ်ပေးဖို့ ဂိမ်းထဲကနေ ဒေါ်လာ ၅၀၀၀ ငွေသားထုတ်ယူခဲ့တာပါ။ "ကစားသမားတစ်ယောက် ရှာတဲ့ပေါ် လိုက်ပြီး ကျွန်တော် ဝင်ငွေရနေတာပါ။ သူတို့ Mining တူးနေရင် အဲ့ဒီပေါ်ကနေ ကျွန်တော်က အခွန် ၃% ရပါတယ်။ ဒါက ကျွန်တော် ဝင်ငွေရတဲ့နည်းပါ။" လို့ သူက ရှင်းပြပါတယ်။ 

သူ့မြေပေါ်မှာ တိရစ္ဆာန်တွေကို အရောင်းအဝယ်လုပ်ဖို့ တစ်နှစ် ဒေါ်လာ ၆၀ ပေးထားပြီး မြေခွန်တွေတော့ မပေးရဘူးလို့ ဆိုပါတယ်။ Entropia Universe ဟာ ၂၀၀၃ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်လို့ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံး Metaverse လို့ ဆိုရမှာပါ။ Metaverse ဆိုတဲ့ အသုံးအနှုန်းနဲ့ ပုံရိပ်ယောင်ကမ္ဘာလောကကို ပြီးခဲ့တဲ့နှစ်အနည်းငယ်ကပဲ Facebook နဲ့ တခြား Big Tech ကုမ္ပဏီကြီးတွေဟာ ဗျူဟာမြောက် ဦးတည်ပုံဖော်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က