• မက်ဆီပင်နယ်တီမဝင်ချိန်မှာ ငါမအိုသေးဆိုတဲ့ရုန်းအားနဲ့ ဂိုးသွင်းပြခဲ့တဲ့ ရော်နယ်ဒို

ယူနိုက်တက်တို့ ရော်နယ်ဒို၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။

ပြိုင်ပွဲစုံ နောက်ဆုံး (၃) ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတဲ့ ယူနိုက်တက်တို့ ဒီပွဲကို မဖြစ်မနေ အနိုင်ရဖို့ ဖိအားရှိခဲ့ပါတယ်။ နည်းပြရန်းနစ်ဂ်က ဒီပွဲအတွက် ပေါ့ဘာနဲ့ရပ်ရှ်ဖို့ဒ်တို့ကို အရံခုံပို့ခဲ့ပြီး ဖရက်ဒ်၊ တွမ်မီနေးအတွဲနဲ့ တိုက်စစ်မှာ အီလန်ဂါ၊ ဆန်ချိုတို့ကို ရော်နယ်ဒိုနဲ့တွဲပေးခဲ့ပါတယ်။

 
image

ပထမပိုင်းမှာ ယူနိုက်တက် ကစားပုံက တော်တော်လေး စိတ်ပျက်စရာကောင်းလွန်းခဲ့ပြီး ဘရိုက်တန်ကတော့ ပိုပြီး ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ကစားသမားတွေက လျော့တိလျော့ရဲပုံစံနဲ့ဖြစ်နေပြီး ဒီပွဲမှာရော ရှုံးများရှုံးပြီလားလို့ ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။ ဂရေဟမ်ပေါ်တာရဲ့ဘရိုက်တန်က သူတို့လိုချင်တဲ့ပုံစံအတိုင်းကို စနစ်တကျ ကစားခဲ့တာပါ။

 
image

ဒါပေမယ့် ဒုတိယပိုင်းစပြီး (၅) မိနစ်အကြာမှာပဲ ရော်နယ်ဒိုရဲ့ရုန်းအားနဲ့အတူ ဆွဲပြေးလာရင်း ဧရိယာထိပ်ကနေ ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲ ကန်သွင်းသွားခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ကန်ချက်ကို ဘရိုက်တန်ဂိုးသမား ဆန်းချက်ဇ်မကာကွယ်နိုင်ဘဲ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။ ဒီဂိုးကြောင့်လည်း ရော်နယ်ဒိုတယောက် သူ့ရဲ့ကစားသမားဘဝအတွက် အဆိုးရွားဆုံးဂိုးပေါက်ပျောက်ဆုံးမှုဆိုတဲ့ စံချိန်ဆိုးကြီးကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။

 

ယူနိုက်တက်ဂိုးရပြီး မကြာခင်မှာပဲ ဘရိုက်တန်နောက်ခံလူ လူးဝစ်ဒန့်ခ် တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပြီး ယူနိုက်တက်တို့အတွက် ကံကောင်းပြီးရင်း ကောင်းခဲ့ရပါတယ်။ နောက်ပိုင်းမှာ ယူနိုက်တက်က ပေါ့ဘာ၊ တဲလက်စ်၊ ရပ်ရှ်ဖို့ဒ်တို့ကို ထည့်သွင်းကစားခဲ့ပါတယ်။

 

ပွဲကစားချိန် နောက်ဆုံးမိနစ်မှာတော့ ပေါ့ဘာရဲ့ ဖန်တီးပေးမှုကတတဆင့် ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်အတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပြီး အိမ်ကွင်းမှာ ဘရိုက်တန်ကို နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ အဆင့် (၄) နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က