• Featured

    မက်ဆီရဲ့ခြေဖျားကို ဘယ်သူမှတောင် လိုက်မှီနိုင်မှာမဟုတ်တဲ့ အရည်အချင်းတခုအကြောင်း

မက်ဆီကို ထိန်းချုပ်ဖို့ တနည်းတည်းရှိတယ်ဆိုတဲ့အကြောင်းကိုလည်း ဝဲလ်ရှိုင်းယားက ပြောခဲ့ပါသေးတယ်။

အာဆင်နယ် ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားကတော့ သူ့ရဲ့ ကစားသမားဘဝမှာ ရင်ဆိုင်ရ အခက်ခဲဆုံး ကစားသမားက လက်ရှိ PSG ကစားသမား မက်ဆီဖြစ်ပြီး အခြား ဘယ်ကစားသမားကမှ မက်ဆီလောက်နီးနီးတောင် မစွမ်းဆောင်နိုင်ဘူးလို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

image

အသက် (၂၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝဲလ်ရှိုင်းယားဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပြီး အာဆင်နယ် ကစားသမားဘဝမှာတုန်းက ချန်ပီယံလိဂ်မှာ မက်ဆီပါဝင်တဲ့ ဘာစီလိုနာနဲ့တွေ့တိုင်း မက်ဆီကို ရပ်တန့်ဖို့ တခုတည်းသော နည်းလမ်းက ပြစ်ဒဏ်ဘောကျူးလွန်တဲ့တနည်းပဲရှိတယ်လို့လည်း ဆိုခဲ့တာပါ။

image

Talksport နဲ့ တွေ့ဆုံခန်းမှာ ဝဲလ်ရှိုင်းယားက “မက်ဆီရဲ့ သန်မာမှု၊ ဘောလုံးထိန်းသိမ်းပုံတွေ၊ ပြီးရင် သူက ခင်ဗျားကို ဘောလုံးနဲ့အယောင်ပြထွက်လိမ့်မယ်။ ကျော်ပြေးသွားမယ်၊ ဒါပေမယ့် သူ့ခန္ဓာကိုယ်ကို ခင်ဗျား လိုက်ထိန်းချုပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တနည်းပဲရှိမယ်၊ အဲ့ဒါကတော့ ခင်ဗျား သူ့ကိုပြစ်ဒဏ်ဘော ကျူးလွန်လိုက်၊ အဲ့ဒါပဲရှိတယ်”

“ကျနော် ထင်ပါတယ်။ ဒါက မက်ဆီအတွက် ပင်ကိုယ်အရည်အသွေးပါပဲ။ ကျနော် မက်ဆီအကြောင်းကို လူပေါင်းမြောက်မြားစွာနဲ့ စကားပြောခဲ့ဖူးတယ်ဗျ။ သူက အလုပ်ကြိုးစားတယ်၊ တိုးတက်အောင်လုပ်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် သူ့ဆီမှာ မွေးတည်းက ပင်ကိုယ်အရည်အချင်းဆိုတာ ပါလာပြီးသားဗျ”

“ပွဲကစားဖို့ ဥမင်လှိုဏ်ခေါင်းထဲမှာ ကျနော် သူ့ကို မြင်တော့ ‘အိုး... ဘုရားသခင်၊ ဒါ မက်ဆီပဲ’ ဆိုပြီးဖြစ်သွားတာ။ အဲ့ဒီတုန်းက အမ်းမရိတ်စ်ကွင်းမှာပါ။ ပထမဆုံးရင်ဆိုင်ဖူးတာလည်းဖြစ်ပါတယ်။ ကျနော်က ဖာဘရီဂတ်စ်နောက်မှာ။ ဖာဘရီဂတ်စ်နဲ့သူနဲ့က အကောင်းဆုံး ဘော်ဒါတွေလည်း နှုတ်ဆက်နေကြတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဝဲလ်ရှိုင်းယားဟာ ကစားသမားဘဝတလျှောက် ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရပြီး လက်ရှိအချိန်မှာ ကြံ့ခိုင်မှုပြည့်ဝနေသည့်တိုင် သူ့ကိုခေါ်ယူလိုတဲ့ အသင်းမရှိတာကြောင့် အသင်းလက်မဲ့ဖြစ်နေရပါတယ်။ 

Share

Loading Next Article...
က္က